ကယ်လ်ဆီယမ်ဓာတ်လျော့နည်းရင် အရိုးတွေ၊ ကြွက်သားတွေအားနည်းလာနိုင်ပြီး သွားနဲ့သွားဖုံးရောဂါတွေပါ ဖြစ်စေနိုင်ပါတယ်။
 

နွားနို့သောက်ခြင်းဟာ လူ့ခန္ဓာကိုယ်ကလိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ပြည့်ဝစေတာကိုတော့ အားလုံးသိထားပြီးသားပါ။ ဒါကြောင့် အမေတွေဟာ မိမိတို့ရဲ့သားသမီးငယ်လေးတွေ အရိုးတွေကြံ့ခိုင်သန်မာပြီး ကျန်းမာနေစေဖို့ တစ်နေ့ကို နွားနို့တစ်ခွက် သောက်ဖြစ်အောင် တိုက်ကျွေးကြပါတယ်။ ဒါပေမယ့် ကလေးတွေက နွားနို့မသောက်ချင်ဘူးလို့ ငြင်းဆိုလာတာပဲဖြစ်ဖြစ်၊ ကလေးတွေမှာ lactose intolerance ဆိုတဲ့ နွားနို့နဲ့ဓာတ်မတည့်တဲ့ရောဂါရှိနေတာပဲဖြစ်ဖြစ် ဖြစ်လာခဲ့ရင် နွားနို့အစားထိုး သောက်စရာလေးတွေကို တိုက်ကျွေးဖို့လိုလာမှာပါ။

ကယ်လ်ဆီယမ်ဓာတ်လျော့နည်းရင် အရိုးတွေ၊ ကြွက်သားတွေအားနည်းလာနိုင်ပြီး သွားနဲ့သွားဖုံးရောဂါတွေပါ ဖြစ်စေနိုင်ပါတယ်။ ကလေးတွေမှာ ကယ်လ်ဆီယမ်ဓာတ်ပြည့်ဝစေဖို့အတွက် နွားနို့အစားထိုးတိုက်ကျွေးလို့ရတဲ့ သောက်စရာလေးတွေ ရှိနေပါသေးတယ်။ အဲဒါတွေကတော့....

၁။ လိမ္မော်သီးဖျော်ရည်

orange (1).jpg 

မနက်တိုင်းမှာ လိမ္မော်သီးစစ်စစ်ကနေ အရည်ညှစ်ထားတဲ့ လိမ္မော်သီးဖျော်ရည်ကို ကလေးလေးရဲ့မနက်စာမှာထည့်သွင်းပေးလိုက်ပါ။ မကြာခင်မှာပဲ မနက်စာစားပွဲပေါ်မှာ ကုန်အောင်သောက်ထားတဲ့ ဖန်ခွက် တစ်ခွက်ကို တွေ့မြင်ရမှာပါ။

လိမ္မော်သီးဖျော်ရည်မှာပါဝင်တဲ့ ကယ်လ်ဆီယမ် (၅၀၀) မီလီဂရမ်ဟာ ကလေးရဲ့အစာအိမ်ထဲကို ဖြေးညှင်းစွာဝင်သွားပြီး သူ့ရဲ့အရိုးနဲ့သွားကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါလိမ့်မယ်။ နောက်ပြီး လိမ္မော်သီးထဲမှာ အရေပြားကို ပျော့ပျောင်းနူးညံ့စေတဲ့ ဗိုက်တာမင်စီလည်း ပါဝင်ပါသေးတယ်။

၂။ ဟင်းနုနွယ်ရွက်ဖျော်ရည်

s604x0_suc-de-spanac.jpg 

ဟင်းနုနွယ်ရွက်ဟာ လူတိုင်းရဲ့အနှစ်သက်ဆုံးဟင်းသီးဟင်းရွက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဟင်းနုနွယ်ရွက်ကို သန့်စင်အောင် ဆေးကြောပြီး သစ်သီးဖျော်စက်ထဲမှာထည့်ဖျော်ထားတဲ့ ဖျော်ရည်တစ်ခွက်ကို အနည်းဆုံး တစ်နေ့ ခွက်တစ်ဝက်စာလောက် တိုက်ကျွေးပေးမယ်ဆိုရင် ကယ်လ်ဆီယမ် (၂၄၁) မီလီဂရမ်သာမက ကလေးရဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သံဓာတ်ကိုလည်း ပြည့်ဝစေမှာပါ။ နွားနို့ကို ခွက်အပြည့်ထည့်ပြီး သောက်မယ်ဆိုရင်တောင် ကယ်လ်ဆီယမ် (၃၀၀) မီလီဂရမ်ပဲ ရရှိမှာပါ။

၃။ ပဲနို့

Healthy-Tips-5.jpg 

ပဲနို့ဆိုတာလည်း ပဲကထုတ်တဲ့ နွားနို့အစားထိုး နို့တစ်မျိုးပါပဲ။ ဒီပဲနို့လေးကို သင့်ကလေးလေးရဲ့ဝမ်းဗိုက်လေး သက်တောင့်သက်သာ ရှိဖို့အတွက် တိုက်ကျွေးနိုင်ပါတယ်။ ပဲနို့ကလည်း နွားနို့လိုပဲ တူညီတဲ့ ပရိုတိန်းနဲ့ ကယ်လ်ဆီယမ်ကို ကလေးလေးရဲ့အစာအိမ်ထဲကို ထည့်သွင်းပေးမှာပါ။

၄။ ဒိန်ချဉ်

kan-sekerinizi-dengede-tutacak-10-besin-1492762685906.jpg 

အစာအိမ်ထဲမှာ ကောင်းမွန်ပြီး လူကိုအကျိုးပြုတဲ့ဘက်တီးရီးယားပိုးမွှားလေးတွေလည်းရှိတယ်ဆိုတာကို သိပါသလား။ အဲဒီ ဘက်တီးရီးယားလေးတွေကို probiotics လို့ခေါ်ပါတယ်။ ဒါပေမယ့် သူတို့က ထာဝရ အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် အဲဒီဘက်တီးရီးယားလေးတွေကို ပြန်လည်လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။

အလွယ်တကူအစာကြေနိုင်တဲ့ ဒိန်ချဉ်လေးတွေဟာ ကယ်လ်ဆီယမ်နဲ့ probiotics တွေ ရရှိစေမယ့် အကောင်းဆုံးရင်းမြစ်တွေပဲ ဖြစ်ပါတယ်။ ကလေးလေးရဲ့အစာခြေစနစ်လေး ကောင်းမွန်နေစေဖို့ ဒိန်ချဉ်ကို ပုံမှန်တိုက်ကျွေးသင့်ပါတယ်။

၅။ အယ်လ်မွန်နို့

001097333.jpg 

အယ်လ်မွန်စေ့ကထုတ်လုပ်တဲ့ နို့ထဲမှာပါဝင်တဲ့ ကယ်လ်ဆီယမ်ပါဝင်မှုနှုန်းဟာ နွားနို့ထဲမှာပါဝင်တဲ့ ကယ်လ်ဆီယမ်ပါဝင်မှုနှုန်း ထက်တောင် ပိုမိုမြင့်မားပါသေးတယ်။ အယ်လ်မွန်နို့ကို သောက်ပေးမယ်ဆိုရင် ဗိုက်တာမင် အေ၊ အီးနဲ့ တခြားအာဟာရဓာတ်တွေကို ပြည့်ဝစေမှာဖြစ်ပါတယ်။

Source: youngisthan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က