ခရမ်းလွန်ရောင်ခြည်တွေ အရေပြားကိုမသက်ရောက်အောင်လည်း ကာကွယ်ပေးပါသတဲ့။

လိုင်ချီးသီးဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ စိုက်ပျိုးစားသုံးကြတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး အနံ့အရသာကြောင့် လူကြိုက်များပါတယ်။ လိုင်ချီးသီးရဲ့အနံ့က ပန်းရနံ့လိုလိုလေးမွှေးပြီး အရသာချိုတော့ ကလေးရောလူကြီးပါကြိုက်ကြတယ်လေ။ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးပေးတဲ့သစ်သီးဖြစ်ပါတယ်။



 

ဗီတာမင်နဲ့သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင် A,C,E တို့ကြောင့် အမြင်အာရုံကောင်းမွန်စေပြီး ခန္ဓာကိုယ်က အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးပါတယ်။ ကိုယ်ခံစွမ်းအားကောင်းစေပြီး အသားအရေကိုစိုပြေစေတယ်လေ။ ဗီတာမင် K လည်း ပါဝင်တော့ အနာကျက်မြန်စေတယ်။ သတ္တုဓာတ်အနေနဲ့ဆိုရင်တော့ ကော့ပါး (copper)၊ ကယ်လ်ဆီယံ၊ သံဓာတ်၊ မဂ္ဂနီစီယံ၊ မဂ္ဂနိစ်၊ ဖော့စ်ဖောရပ်စ်၊ ဆယ်လီနီယံနဲ့ဇင့်ဓာတ်တို့ ပါဝင်တယ်။ နှလုံးကြွက်သားတွေကို ကျန်းမာစေတယ်။

 

ဝိတ်ချချင်ရင်လည်း လိုင်ချီးသီးများများစားပေးသင့်တယ်။ Oligonol ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းက သွေးတွေ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို စီးဆင်းမှုကောင်းစေတယ်။ ဒါ့အပြင် oligonol ဟာ ခရမ်းလွန်ရောင်ခြည်တွေ အရေပြားကိုမသက်ရောက်အောင်လည်း ကာကွယ်ပေးပါသတဲ့။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ လိုင်ချီးသီးလေးများများစားသင့်တယ်နော်။

 

Source : Health Digezt


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က