နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေကို သခွားသီးတစ်လုံးက ဖြည့်ဆည်းပေးနိုင်တယ်ဆိုရင် ယုံမလား။
 

ဗိုက်တာမင်နဲ့ သတ္ထုဓာတ်ဆိုတာ နေ့စဉ်လိုအပ်တဲ့ဓာတ်တွေပါ။ ဒီလိုအပ်ချက်တွေကို သခွားသီးတစ်လုံးက ဖြည့်ဆည်းပေးနိုင်တယ်ဆိုရင် ယုံမလား။ အရင်သောက်နေကျ အချိုရည်တွေအစား သခွားသီးလေးကို သောက်နေကျရေထဲမှာ ထည့်ပေးလိုက်ရုံနဲ့ ရေဓာတ်လည်းပြည့်ဝ၊ လိုအပ်တဲ့ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေလည်း ပြည့်ဝနေနိုင်ပြီလေ။

သခွားသီးတွေမှာ ဗိုက်တာမင်၊ သတ္ထုဓာတ်၊ အမျှင်ဓာတ် တို့စုံလင်စွာပါဝင်ပြီး ကျန်းမာတဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ အတွက်တော့ အကောင်းဆုံးပါပဲ။ သခွားသီးနဲ့ရေမှာစိမ်၊ ပြီးရင်ဖန်ပုလင်းလေးထဲမှာ ထည့်ပြီး သွားလေရာဆောင်ထားပါ။ ပြီးရင်ရေငတ်လာတိုင်း သောက်ပေးရုံနဲ့ ထူးခြားတဲ့အာနိသင်တွေကို ရရှိခံစားရမှာပါ။

၁။ သခွားသီးနဲ့ သံပုရာ ရေ

lemcu.jpg 

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ သခွားသီးတစ်ခြမ်း၊ သံပုရာသီးတစ်လုံး၊ ပူစီနံရွက်အနည်းငယ်၊ ဆားအနည်းငယ် တို့ဖြစ်ပါတယ်။ သခွားသီးနဲ့သံပုရာသီးကို ပါးပါးလေးတွေဖြစ်အောင်လှီးပြီး ဖန်ပုလင်း (သို့) ဖန်ခရားတစ်လုံးထဲမှာ ထည့်ပေးပါ။

ပူစီနံရွက်တွေကိုလည်း လှီးဖြတ်လိုက်ပါ။ ပြီးရင်ငရုတ်ဆုံထဲမှာ ပူစီနံရွက်နဲ့ဆားကိုရောပြီး ညင်သာစွာထောင်းပေးလိုက်ပါ။ ပြီးရင် ထွက်လာတဲ့အရည်နဲ့ အရွက်တွေကို ဖန်ပုလင်းထဲကို ပြောင်းထဲပေးလိုက်ပါ။ ပြီးရင်ဖန်ပုလင်းလည်ပင်းနားထိရောက်အောင် ရေဖြည့်ပြီး ရေခဲသေတ္တာထဲထည့်ထားပေးနိုင်ပါပြီ။

သံပုရာရည်က အသည်းကထွက်တဲ့ သည်းခြေရည်တွေကိုအူလမ်းကြောင်းတလျှောက် စီးဆင်းသွားအောင် ကူညီပေးခြင်းဖြင့် ခန္ဓာကိုယ်ပေါ်ကအဆီပိုတွေကို ပျောက်ကွယ်စေပါတယ်။ ပူစီနံမှာတော့ အေးစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ သူက သည်းခြေရည်တွေ အသည်းကအူလမ်းကြောင်းဆီ စီးဆင်းရာမှာချောမွေ့အောင် ကူညီပေးနိုင်ပါတယ်။

၂။ အစိမ်းရောင်တောက်တောက် သခွား ရေ

df31db16489ff3045dac923f2b1b13f7.jpg 

ပါဝင်ပစ္စည်းတွေကတော့ သခွားသီးတစ်ခြမ်း၊ အစိမ်းရောင်စပျစ်သီး (၁၀) လုံး၊ သံပရိုသီး (၁) ခြမ်း၊ ငရုပ်ကောင်းမှုန့်တို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး သခွားသီးနဲ့ သံပရိုသီးကို ပါးပါးလေးတွေဖြစ်အောင် လှီးပြီး ဖန်ခရားတစ်လုံးထဲကို ထည့်လိုက်ပါ။ ပြီးရင် စပျစ်သီးတွေကိုလည်း ထက်ခြမ်းခြမ်းပြီး ခရားထဲကို ထည့်လိုက်ပါ။ ထုံးစံအတိုင်း ရေကို ပုလင်းလည်ပင်းထိရောက်အောင် ဖြည့်ပြီး ရေခဲသေတ္တာထဲထည့်လိုက်ပါ။ မသောက်ခင်မှာ ငရုပ်ကောင်းမှုန့်လေးနည်းနည်းဖြူးပေးလိုက်ပါဦး။

ဒီသခွား ရေကတော့ အသားအရေအတွက်ကောင်းမွန်ပါတယ်။ ရေဓာတ်ကုန်ခမ်းခြင်းနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ စပျစ်သီးတွေက အကောင်းဆုံးပါပဲ။ သူတို့က အင်ဆူလင်ပမာဏကို ထိန်းညှိပေးပြီး အင်ဆူလင်တုံ့ပြန်မှုတွေကိုလည်း မြင့်တက်ကောင်းမွန်စေပါတယ်။ အရွယ်လည်းတင်စေပါတယ်။ သံပရိုသီးကတော့ အစာခြေစနစ်ကို ကူညီပေးပါတယ်။ ငရုပ်ကောင်းမှုန့်ကတော့ ဗိုက်တာမင် အီး ကြွယ်ဝပြီး အစာခြေခြင်းကိုလည်း ထောက်ကူပေးပါတယ်။

၃။ စတော်ဘယ်ရီ သခွားရေ

c58cf42e3e0549b81c604f25c4f6e946.jpg 

ပါဝင်ပစ္စည်းတွေကတော့ သခွားသီးတစ်လုံး၊ စတော်ဘယ်ရီသီး (၇) လုံး၊ ရို့စ်မေရီရွက် အနည်းငယ်၊ ပူစီနံရွက်လက်တစ်ဆုပ်စာ၊ ဆားအနည်းငယ်တို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး ထုံးစံအတိုင်း သခွားသီးတွေ၊ စတော်ဘယ်ရီသီးတွေကို အပိုင်းလေးတွေဖြစ်အောင် လှီးဖြတ်ပြီး ဖန်ခရားတစ်လုံးထဲကို ထည့်လိုက်ပါ။ ပြီးရင် ငရုပ်ဆုံတစ်လုံးမှာ ရို့စ်မေရီရွက်ရယ်၊ ပူစီနံရွက်ရယ်၊ ဆားရယ်ကိုထည့်ပြီး ညင်သာစွာ ကြိတ်ခြေ ပေးလိုက်ပါ။

ပြီးရင်အဲဒီကရလာတဲ့အရွက်နဲ့ အရည်တွေကို ခရားထဲပြောင်းထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ထုံးစံအတိုင်း ဖန်ခရားလည်ပင်းထိ ရေပြည့်အောင်ဖြည့်ပြီး ရေခဲသေတ္တာထဲ သိမ်းထားလိုက်ပါ။ မသောက်ခင် ရေခဲနည်းနည်းထည့်သောက်နိုင်ပါသေးတယ်။

စတော်ဘယ်ရီသီးတွေကတော့ ဗိုက်တာမင် စီ၊ မဂ္ဂနီစီယမ်၊ အမျှင်ဓာတ်တွေ ကြွယ်ဝပါတယ်။ အနံ့အရသာနဲ့လည်းပြည့်စုံတဲ့ ဒီအနီရောင်သစ်သီးလေးဟာ antioxidant နဲ့ anti-inflammatory (အရေပြား ရောင်ရမ်းခြင်းကို ဆန့်ကျင်တဲ့) ဂုဏ်သတ္တိတွေလည်း ပါဝင်ပါတယ်။ ၎င်းဟာ သွေးတွင်းသကြားဓာတ် ထိန်းညှိရာမှာလည်း ကူညီပေးပါတယ်။

ပူစီနံရွက်ကတော့ အသည်းထဲက သည်းခြေရည်တွေကို အူလမ်းကြောင်းတလျှောက် ချောချောမောမောစီးဆင်းနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ အစာအိမ်ကြွက်သားတွေကိုလည်း ပူစီနံရွက်တွေက ကူညီပေးနိုင်ပါတယ်။ ရို့စ်မေရီရွက်ကတော့ ဗိုက်တာမင် အေ၊ ဘီစစ်၊ ကယ်လ်ဆီယမ်၊ ပိုတက်စီယမ် ကြွယ်ဝတဲ့အရွက်တစ်မျိုးလည်း ဖြစ်ပါတယ်။ ၎င်းကလည်း မှတ်ဉာဏ်နဲ့ သွေးလည်ပတ်မှု ကောင်းမွန်စေဖို့ အထောက်အကူပေးနိုင်ပါတယ်။

Source: stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က