ဒါတွေအကုန်လုံးကိုတော့ သိမယ်မထင်ဘူးနော်။

ခရီးသွားရတာဝါသနာလား။ သစ်ပင်တွေနဲ့ သဘာဝတရားရဲ့အလှအပကိုရော ခံစားတတ်သူလား။ ဒီလိုဆိုရင်တော့ ကမ္ဘာတလွှားက နာမည်ကျော် သစ်ပင်လှလှလေးတွေကို ကြည့်လိုက်ပါဦး။ ချက်ချင်းအထုပ်ပြင်ပြီး ခရီးသွားချင်စိတ်တောင်ပေါက်လာတယ်။

 

ကနေဒါနိုင်ငံက တောင်ဇလပ်ပန်းအနီရောင်တွေ ပြွတ်သိပ်နေအောင်ပွင့်တဲ့ သစ်ပင်ပါ။ ဒီတောင်ဇလပ်ပင်ကြီးရဲ့သက်တမ်းက ၁၂၅ နှစ်တောင် ရှိနေပြီတဲ့။

 

ဒါကတော့ Baobab လို့ခေါ်တဲ့ အပူပိုင်းဒေသသစ်ပင်တွေဖြစ်ပါတယ်။ မာဒါဂါစကာမှာ ပေါက်ရောက်နေကြတာပါ။

 

ဒီပုံလေးကိုကြည့်ရင် Avator ရုပ်ရှင်ကိုတောင် သတိရမိသွားတယ်။ အဲ့ဒီရုပ်ရှင်ထဲမှာ ဒီလိုနေရာမျိုးလေးပဲလေ။ အခုမြင်နေရတဲ့ သစ်ပင်တွေကတော့ ဂျပန်နိုင်ငံက Wisteria အပင်တွေဖြစ်ပါတယ်။ လှလိုက်တာနော်။

 

ပုလင်းပုံသဏ္ဍန် သစ်ပင်တွေက ထိပ်ဖျားမှာ ပန်းပွင့်တွေ ပွင့်လေ့ရှိပါတယ်။ ပန်းအိုးလေးထိုးထားသလို ကြည့်လို့ကောင်းနေပြန်ပါတယ်။ Bottle trees (ပုလင်းပုံသစ်ပင်)တွေက ယီမင်နိုင်ငံ Socotra ကျွန်းမှာ ပေါက်ရောက်နေကြပါသတဲ့။

 

သက်တံလို အရောင်စုံပင်စည်နဲ့ မြင်နေရတာက ယူကလစ်ပင်တွေဖြစ်ပါတယ်။ ဟာဝိုင်အီကျွန်းမှာ ပေါက်ရောက်တဲ့ သက်တံယူကလစ်ပင်တွေဖြစ်ပြီး အာရှနိုင်ငံအချို့မှာလည်း စိုက်ပျိုးလာကြတာ တွေ့ရပါတယ်။

 

သစ်ပင်တစ်ပင်တည်းကနေ သစ်သီးအမျိုးအစားပေါင်း ၄၀ သီးနိုင်တဲ့ Frankenstein သစ်ပင်ကတော့ လှလည်းလှ၊ ထူးလည်းထူးပါရဲ့နော်။ Syracuse တက္ကသိုလ်က ပါမောက္ခ Sam Van Aken ဟာ မက်မွန်၊ ဇီးသီး၊ တရုတ်ဇီးသီးတို့လို အပင်တွေကို ကိုင်းဆက်ပြီး တစ်ပင်တည်းမှာ ရှင်သန်အောင် ပြုလုပ်ထားခဲ့တာပါ။

Source : Bright Side

Share

Loading Next Article...
က္က