ရှမ်းခေါက်ဆွဲမူကွဲများစွာရှိပါတယ်။

ရှမ်းခေါက်ဆွဲဟာ ရှမ်းရိုးရာအစားအစာတစ်မျိုးဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်မြို့တွေနဲ့ အခြားမြို့ကြီးတွေမှာ မနက်စာအဖြစ် နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ လက်ဖက်ရည်ဆိုင်တွေမှာ မုန့်ပဲသရေစာတစ်မျိုးအဖြစ် ထားကြတဲ့ အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။ ရှမ်းခေါက်ဆွဲကို အလွယ်တကူဝယ်စားလို့ရတာမှန်ပေမယ့် ကိုယ်တိုင်လုပ်စားမယ်ဆိုရင် အကုန်အကျပိုမိုသက်သာနိုင်သလို များများစားစားလည်း စားနိုင်တာပေါ့။

 

ရှမ်းခေါက်ဆွဲချက်ပုံချက်နည်းကတော့ အမျိုးမျိုးရှိပါတယ်။ ရှမ်းခေါက်ဆွဲပေါ်မှာမှ တို့ဖူးကို အရည်ဖြစ်အောင်ကျိုပြီး လောင်းထည့်ထားတဲ့ တို့ဟူးနွေး၊ ရှမ်းခေါက်ဆွဲပေါ်မှာမှ စွတ်ပြုတ်ရည်လောင်းပြီး အမဲသားလုံး၊ ဝက်သားလုံး စတာတွေနဲ့ တွဲဖက်စားသုံးနိုင်တဲ့ မူဆယ်စတိုင်လ်ရှမ်းခေါက်ဆွဲ စသဖြင့် မူကွဲတွေကတော့များစွာရှိပါတယ်။ ယခုဖော်ပြသွားမှာကတော့ ပုံမှန်ရှမ်းခေါက်ဆွဲသုပ်ဖြစ်ပါတယ်။ အရည်ဖျော်ကိုမှ နှစ်သက်ပါတယ်ဆိုသူတွေကတော့ ဒီနည်းလမ်းအတိုင်း ပြုလုပ်ပြီးမှ ကြက်စွပ်ပြုတ်ရည် အပေါ်ကလောင်းပြီး စားသုံးနိုင်ပါတယ်။

ပြုလုပ်နည်း

 

လူ (၄) ယောက်စာ ရှမ်းခေါက်ဆွဲချက်ပြုတ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့... ကြက်သား (သို့) ဝက်သား (နုတ်နုတ်စင်းပြီး) (၁) ပေါင်၊ ရှမ်းခေါက်ဆွဲခြောက် (ဆန်ခေါက်ဆွဲခြောက်) (၈) အောင်စ၊ ကြက်သွန်နီ (၂) လုံး (လှီးဖြတ်ထားပြီး)၊ ကြက်သွန်မြိတ် (၆) ပင်၊ တစ်လက်မအရွယ် ဂျင်း (ချင်းစိမ်း) တက် တစ်တောင့်၊ ခရမ်းချဉ်သီး (၈) လုံး၊ ပဲငံပြာရည် (၃) ဇွန်း၊ သကြား (၂) ဇွန်း၊ ငရုပ်သီးမှုန့် (၂) ဇွန်း၊ မြေပဲထောင်းထားပြီးသား (၈) ဇွန်း၊ ဟင်းသီးဟင်းရွက်ဆီ (၆) ဇွန်း တို့ပဲဖြစ်ပါတယ်။

စတင်ပြုလုပ်တော့မယ်ဆိုရင် အရင်ဆုံး ဆန်ခေါက်ဆွဲခြောက်ကို ရေအေး (၁) ဇလုံထဲမှာထည့်စိမ်လိုက်ပါ။ ပြီးရင် ပွက်ပွက်ဆူအောင် တည်ထားပြီး ရေနွေးထည့်ထားတဲ့ ဒယ်အိုးတစ်လုံးထဲမှာ ခေါက်ဆွဲခြောက်တွေကို ဇကာပါတဲ့ဇွန်းကြီးတစ်ချောင်းနဲ့အတူ ထည့်စိမ်ထားလိုက်ပါ။

အဲဒီလိုစိမ်ထားတုံးမှာ ဒယ်ပိုင်းတစ်လုံးထဲမှာ ကြက်သွန်နီ (လှီးဖြတ်ပြီး)၊ ဂျင်း (နုတ်နုတ်စင်းပြီး)၊ ကြက်သွန်ဖြူ (ထောင်းပြီး) တို့ကိုထည့်ပြီး (၈) မိနစ်ခန့်ဆီသတ်လိုက်ပါ။ ပြီးရင် ငရုပ်သီးမှုန့်နည်းနည်းထည့်ပြီး မိနစ်အနည်းငယ်ကြာအောင် မွှေပေးလိုက်ပါ။ ဆီသတ်ပြီးရင် နုတ်နုတ်စင်းထားတဲ့ ကြက်သား (သို့) ဝက်သားကို ခရမ်းချဉ်သီး (လှီးဖြတ်ပြီး)၊ ခရမ်းချဉ်သီးအနှစ်တို့နဲ့ရောပြီး မွှေပေးလိုက်ပါ။ နောက်ပြီးရင် ပဲငံပြာရည်၊ သကြားတို့နဲ့ ခရမ်းချဉ်သီးအားလုံး ကြေမွသွားသည်အထိ (၁၅) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။

 

စောစောကပြုတ်ထားတဲ့ ဆန်ခေါက်ဆွဲဖတ်တွေကို ပန်းကန်လုံးတွေထဲ ခွဲထည့်လိုက်ပါ။ ပြီးရင် စောနက ချက်ထားတဲ့ ကြက်သားဟင်း (သို့) ဝက်သားဟင်း၊ မြေပဲလှော်ထောင်း၊ ပဲငံပြာရည် နည်းနည်းတို့နဲ့ ခေါက်ဆွဲပေါ်ကိုလောင်းပေးလိုက်ပါ။ ကြက်သွန်မြိတ် ကြိုက်တတ်ရင် အပေါ်ကနည်းနည်းအုပ်လိုက်ပါဦး။ ပြီးရင်တော့ နယ်ဖတ်ပြီး မုန်ညင်းစိမ်း (သို့) မုန်ညင်းချဉ်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။ ကြိုက်တတ်ရင် ရယ်ဒီမိတ် ဝက်ခေါက်ထုပ်လေးနဲ့ပါ တွဲဖက်စားသုံးနိုင်ပါသေးတယ်။

Source: 196flavors

Share

Loading Next Article...
က္က