Yangon Bangkok Night Market မှာရောင်းတဲ့ အုန်းသီးရေခဲမုန့်လေး (Coconut Ice cream) လေး သဘောကျကြတယ်ဟုတ်။

Yangon Bangkok Night Market မှာရောင်းတဲ့ အုန်းသီးရေခဲမုန့်လေး (Coconut Ice cream) လေး သဘောကျကြတယ်ဟုတ်။ အနံ့လေးကလည်းမွှေး၊ စားလို့ကလည်းကောင်းတဲ့ အုန်းသီးရေခဲမုန့်လေးကို စားချင်တယ်ဆို Bangkok Night Market ထိ သွားဝယ်နေစရာမလိုတော့ပါဘူး။ အိမ်မှာပဲ ကိုယ်တိုင်စိတ်ကြိုက်လုပ်စားလို့ရအောင် Bangkok Night Market မှာရောင်းချတဲ့ အုန်းသီးရေခဲမုန့်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Photo Credit: Honey M Kyaw (Facebook)

 

ပြုလုပ်နည်း

အရင်ဆုံး ပန်းကန်လုံးအလတ်စား (၁) လုံးလောက်ယူပြီး အထဲမှာ အုန်းရေကိုထည့်လိုက်ပါ။ အုန်းခွံကထွက်တဲ့ အမှုန်အမွှားတွေ၊ အုန်းသီးဖတ်တွေ အုန်းရေထဲမှာ ပါမသွားစေဖို့လည်း သတိထားပါဦး။ လတ်ဆတ်တဲ့အုန်းရေဟာ ရေခဲမုန့်အတွက် ကောင်းမွန်တဲ့အရသာကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ဒါကြောင့် အုန်းသီးခွံခွဲမယ်ဆိုရင် ဂရုတစိုက်နဲ့သေချာလေးခွဲပြီး အုန်းရေကို ခွက်ထဲထည့်ပါ။

ပြီးရင်တော့ နွားနို့ (ဒီနေရာမှာ မိမိနှစ်သက်ရာနို့ကို သုံးနိုင်ပါတယ်။ နွားနို့ကတော့ လူသုံးအများဆုံးဖြစ်လို့ နွားနို့နဲ့ ဖော်ပြပေးလိုက်ပါတယ်။) လတ်ဆတ်တဲ့ နွားနို့ကိုသုံးမှ အုန်းသီးရေခဲမုန့်ရဲ့ အဖြူရောင်တောက်တောက် အဆင်းသဏ္ဍာန်ကိုဖော်ဆောင်နိုင်မှာဖြစ်လို့ လတ်ဆတ်အောင်ဂရုပြုသင့်ပါတယ်။ သက်သတ်လွတ်စားချင်တယ်ဆိုရင်တော့ နွားနို့နေရာမှာ ပဲနို့တို့၊ အယ်လ်မွန်နို့တို့ သုံးလို့ရပါတယ်။

 

နောက်တစ်ဆင့်ကတော့ နို့ဆီထည့်ပါမယ်။ ဒီနေရာမှာ နို့ဆီမရှိရင် နွားနို့နဲ့ သကြားသမအောင် ခလောက်ပြီးထည့်ရင်လည်း ရပါတယ်။ ဒါပေမယ့် နို့ဆီသုံးတာကတော့ အကောင်းဆုံးပါပဲ။

နောက်ပြီးရင် ခရင်မ်အချို (whipped cream) ကို ခွက်တစ်ခွက်ထဲမှာထည့်ပြီး ပျော့ပြောင်းတဲ့အနှစ်ဖြစ်လာသည်အထိ ခေါက်တံနဲ့ခေါက်ပေးပါ။ ပြီးရင် အဲဒီ ခရင်မ်ကိုယူပြီး စောစောက အုန်းနို့အရောထဲမှာ ထည့်ပေးပါ။ အုန်းသီးဆံလေးပါ ထည့်ချင်သူတွေကတော့ အုန်းသီးဆံနုနုလေးတွေကို အတုံးသေးသေးလေးတွေဖြစ်အောင်လှီးပြီး အုန်းနို့အရောထဲ ထည့်ပေးလိုက်ပါဦး။

ပြီးရင်တော့ အုန်းသီးရေခဲမုန့်ဖြစ်လာအောင် အအေးခန်းထဲထည့်ဖို့အတွက် ရယ်ဒီဖြစ်ပါပြီ။ ရေခဲမုန့်ဘူးလွတ်တစ်ဘူးထဲ ပြောင်းထည့်ပြီး အအေးခန်းထဲမှာ နာရီအနည်းငယ်ကြာအောင် အအေးခံထားပေးလိုက်ပါ။ အကောင်းဆုံးကတော့ ညလုံးပေါက်တစ်ညလုံး သိပ်ထားလိုက်တာအကောင်းဆုံးပါပဲ။ ပြီးရင်တော့ စားလိုစား၊ ရောင်းလိုရောင်း... မိမိနှစ်သက်သလို လုပ်လို့ရပါပြီ။

Bangkok Night Market မှာတော့ ပြောင်းဖူးစေ့လေးတွေနဲ့ topping အုပ်တတ်ပါတယ်။ ဒီတော့ ပြောင်းဖူးစေ့မွှေးမွှေးလေးတွေကို အပေါ်က topping အုပ်ပြီး အရသာရှိတဲ့ ထိုင်း အုန်းသီးရေခဲမုန့်လေးကို အရသာခံစားနိုင်ပါပြီ။

 

Source: premascook

Share

Loading Next Article...
က္က