ပါစတာခေါက်ဆွဲကို ပြုတ်တဲ့အခါ အထုပ်မှာရေးထားတဲ့အညွှန်းအတိုင်း ပြုတ်ရပါမယ်။
 

အီတလီအစားအစာတွေကို နှစ်သက်သူတွေအတွက် Bolognese ချက်ပြုတ်ပြင်ဆင်နည်းကို ဖော်ပြလိုက်ပါတယ်။ အလွယ်ကူဆုံးနည်းနဲ့ ချက်မှာမို့လို့ စမ်းချက်ကြည့်ပါလို့။

ပထမဆုံးအနေနဲ့ သံလွင်ဆီကို အိုးထဲထည့်ပါ။ ထောပတ်ခဲထည့်ပါ။ ထောပတ်ခဲ ပျော်သွားပြီဆိုမှ နုပ်နုပ်စင်းထားတဲ့ ကြက်သွန်နီ၊ မုန်လာဥနီ၊ တရုတ်နံနံရိုး၊ ပါးပါးလှီးထားတဲ့ ဝက်ပေါင်သားတို့ကို ထည့်မွှေပေးရပါမယ်။ မုန်လာဥနီနဲ့ တရုတ်နံနံကြီးအဖတ်တွေ ပျော့ပျောင်းလာပြီဆိုမှ ကြိတ်ထားတဲ့ အမဲသားနဲ့ ဝက်သားကို ထည့်ရပါတယ်။

 

အသားတွေနူးပြီး အရောင်ပြောင်းလာပြီ ဆားနဲ့ ငြုပ်ကောင်းမှုန့်ကို ထည့်ပေးပါ။ အသားရဲ့အချိုအရသာ ၊ ကြက်သွန်နီ ၊ မုန်လာဥတို့ရဲ့ အရသာကြောင့် အရသာမှုန့် ထပ်ထည့်ဖို့ မလိုပါဘူး။ ငြုပ်ကောင်းနံ့လေး မွှေးလာပြီ ဝိုင်နီတစ်ခွက်လောက် ထည့်ကာ အသားတွေထဲ စိမ့်ဝင်သွားအောင် မွှေပေးရပါမယ်။

 

ဝိုင်တွေက အသားတွေထဲ စိမ့်ဝင်သွားပြီဆို ကြက်ပြုတ်ရည်တစ်ခွက်ထဲ ခရမ်းချဉ်သီးနှစ် (သံဘူးနဲ့ရောင်းပါတယ်) ရောထည့်ကာ သမအောင်မွှေပြီး အိုးထဲကို ထည့်ပေးလိုက်ပါဦး။ အားလုံးကို နှံ့စပ်သွားအောင် မွှေပြီးတဲ့အခါ အဖုံးအုပ်ပြီး မီးအေးအေးနဲ့ ၂ နာရီလောက် နှပ်ထားလိုက်ပါ။ ၂ နာရီလောက် နှပ်ထားတာဆိုတော့ အသားကလည်း နူးအိနေပါပြီ။ အရသာကလည်း ရှယ်ပဲ။ အနံ့ကလည်း မွှေးနေပြီဆိုတော့ ပါစတာခေါက်ဆွဲပြား (Tagliatelle)ထည့်ပြီး စားရုံပေါ့။

Source : Tasty


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က