လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ပြုလုပ်နည်းဖြစ်ပါတယ်။
 

ကြက်ဥကို အမျိုးမျိုးလုပ်စားရမယ်ဆို နှင်းတောင်လေးလို မွမွလေးနဲ့ လှလှလေး ဖန်တီးရတာလည်း ချစ်ဖို့ကောင်းပါတယ်။ မနက်စာအဖြစ် ပြင်ဆင်တဲ့အခါ ကြက်ဥကို ပုံစံသစ်တစ်မျိုးနဲ့ လုပ်စားတာပေါ့။ တိမ်လေးတွေလို ဖြစ်သွားအောင် ပြုလုပ်တဲ့နည်းရှိတယ်လေ။

 

ကြက်ဥ ၂ လုံးကို အကာချည်းပဲယူပါ။ မွှေစက်နဲ့ နာနာလှည့်ပေးလိုက်ရင် ကြက်ဥအကာတွေက တိမ်တွေလို မွမွလေးဖြစ်ပြီး ဖောင်းလာရော။ အရမ်းချစ်ဖို့ကောင်းတယ်။ ခက်ရင်းနဲ့ခေါက်မယ်ဆိုရင် အချိန်အကြာကြီးခေါက်ရပါလိမ့်မယ်။ ပြီးတော့ အမြှုပ်လည်းသိပ်မထလို့ မွှေစက်ကိုသုံးမှ အဆင်ပြေမှာပါ။ တိမ်ထုကြီးလို ပွလာပြီဆို ဆားနဲ့ငြုပ်ကောင်းမှုန့်ကို ထည့်ပြီး မွှေပေးပါ။ ကြက်ဥမှာ အချိုဓာတ်ပါပြီးသားမို့လို့ အချိုမှုန့်တို့ အသားမှုန့်ကို ထပ်ထည့်စရာမလိုပါဘူး။ မွှေတဲ့အခါ ဇွန်းလေးနဲ့အသာအယာပဲ မွှေပေးရပါမယ်။

 

ကြက်ဥနှစ်လုံးဆိုတော့ ဗန်းထဲမှာ နှစ်ပုံအညီအမျှခွဲပြီး ပုံလိုက်ပါ။ အလယ်မှာ ကြက်ဥထည့်ဖို့ ချိုင့်ကလေးလုပ်ထားပြီးရင် မိုက်ခရိုဝေ့ဗ်ထဲ ထည့်ဖုတ်ပါမယ်။ အပူချိန် ၂၃၀ ဒီဂရီဆဲလ်စီးယပ်စ်နဲ့ ၈ မိနစ်မှ ၁၀ မိနစ်ထိ ဖုတ်ပေးပါ။ မိုက်ခရိုဝေ့ဗ်ထဲက ပြန်ထုတ်ပြီး စောနကဖယ်ထားတဲ့ ကြက်ဥအနှစ်တွေကို ချိုင့်လေးတွေထဲထည့်ကာ နောက်တစ်ကြိမ် ထပ်အပူပေးရပါမယ်။ ၂၃၀ ဒီဂရီဆဲလ်စီးယပ်စ်နဲ့ အချိန် ၃ မိနစ် အပူပေးလိုက်ရင် စားလို့ရပါပြီ။ ကြက်ဥကြော်စားရတာ ငြီးငွေ့နေသူတွေအတွက် မွမွလေးနဲ့ ချစ်ဖို့ကောင်းတဲ့ cloud egg လေးပေါ့။

Source : Tasty

Share

Loading Next Article...
က္က