Food & Travel: ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာ (၅) မျိုး

ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အရာတွေထဲမှာ ဗီတာမင် D လည်း ပါဝင်ပါတယ်။ ဗီတာမင် D ကို နေရောင်ခြည်ကလည်း ရနိုင်သလို အစားအစာအနေနဲ့လည်း ဖြည့်စွက်စားသုံးပေးနိုင်ပါတယ်။

play

 

လူ့ခန္ဓာကိုယ်အတွက် ဗီတာမင် D လိုအပ်ချက်ဟာ တစ်နေ့ကို ၁၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ဗီတာမင် D ပါဝင်အောင်လည်း စားပေးရပါမယ်။ ဗီတာမင် D ဟာ ခန္ဓာကိုယ်တွင်းက ကယ်လ်ဆီယံနဲ့ ဖော့စဖိတ်ဓာတ်ကို ထိန်းချုပ်ပေးနိုင်တာကြောင့် အရိုးနဲ့သွားတွေကို သန်မာစေသလို ကြွက်သားတွေလည်း ကြံ့ခိုင်စေပါတယ်။

play

 

၁။ အဆီများတဲ့ငါး

ဆယ်လ်မွန်၊ ဆာဒင်းတို့လို ငါးတွေမှာ ဗီတာမင် D ကြွယ်ဝစွာ ပါဝင်ပါတယ်။

play

 

၂။ ဥအမျိုးမျိုး

ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စတဲ့ ဥအမျိုးမျိုးလည်း စားပေးရပါမယ်။

play

 

၃။ အသား

မချက်ပြုတ်ရသေးခင်မှာ အနီရောင်ဖြစ်နေတဲ့ အသားတွေ အထူးသဖြင့် အမဲသား၊ ဆိတ်သားတို့ကို ချက်ပြုတ်စားသုံးခြင်းကလည်း လိုအပ်တဲ့ ဗီတာမင် D ကို ရရှိနိုင်ပါတယ်။

play

 

၎။ အမဲသည်း

အမဲသားစားရင် အမဲသည်းကိုပါ စားသုံးပေးပါ။

play

 

၅။ နွားနို့

နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင် D လုံလုံလောက်လောက်ပါဝင်လို့ အရိုးနဲ့သွားတွေ ကြံ့ခိုင်စေကြောင်း ယခင်ကတည်းက ကျန်းမာရေးပညာရှင်တွေ ထောက်ခံခဲ့ကြပါတယ်။

Source : Huffpost

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ