မရောက်လိုက်တဲ့သူတွေက ရောက်ဖြစ်သူတွေကို မနာလိုဖြစ်သွားလောက်တယ်နော်....
 

Duwun Media က ကြီးမှူးကျင်းပတဲ့ Duwun Food Carnival 2017 (ဓူဝံအစားသောက်ပွဲတော်)ကို မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်တို့မှာ ပြည်သူ့ရင်ပြင်ထဲမှာ ပြုလုပ်ခဲ့ပါတယ်။ အစားအသောက်ပွဲဆိုတော့ အစားအသောက်ဆိုင်မျိုးစုံက လာရောက် ခင်းကျင်းရောင်းချကြတာပေါ့။ ဆိုင်ခန်းတွေ အများကြီးပါပဲ။ ကိုယ့်အကြိုက်ဆိုင်လေးတွေ၊ မြည်းစမ်းစားကြည့်မယ်လို့ ရည်ရွယ်ပြီး မရောက်ဖြစ်သေးတဲ့ ဆိုင်တွေကပါ လာရောင်းကြတော့ တစ်နေရာတည်းမှာတင် စားချင်တာတွေ အကုန်စားလိုက်ရတဲ့ပွဲပါပဲ။ ဒီပွဲလေးကို ရောက်ဖြစ်ခဲ့ရဲ့လား? မရောက်လိုက်ရဘူးဆိုရင်တော့ နောင်တရသွားမှာနော်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲမှာ ပျော်စရာတွေ အများကြီး ရခဲ့လို့ပါပဲ။

၁။ ဝင်ကြေးအခမဲ့

ပြည်လမ်းဝင်ပေါက်ကနေ ဝင်လိုက်တာနဲ့ ဘယ်ဘက်အခြမ်းမှာ Duwun Food Carnival ကို မြင်နေရပါပြီ။ ဖျော်ဖြေရေးတွေလည်း ပါတယ်၊ စားချင်တဲ့ဆိုင်တွေက တစ်နေရာတည်းမှာ စုနေတော့ အကြိုက်တွေ့ရပြီပေါ့။

တင့်တင့် မြန်မာမုန့်ဆိုင်ရဲ့ အပြင်အဆင်

 

၂။ အစားတစ်လိုင်း

အစားဆိုမှအစား စားမှာပဲဆိုတဲ့လူတွေကတော့ ရှယ်ပဲပေါ့။ ဆိုင်တွေပတ်ပြီး အမြည်းတွေချည်း လိုက်စားရုံနဲ့တင် ဗိုက်ပြည့်သွားနိုင်ပါတယ်။ ကိုယ့်အကြိုက်ဆိုင်လေးကိုလည်းတွေ့ရော တိုးဝှေ့ပြီးတော့ကို ဝယ်စားပလိုက်တာပဲလေ။ ဆိုင်တွေကလည်း စုံမှစုံဆိုတော့ မစားနိုင်မှာတောင် စိုးရိမ်ရတယ်။

 

၃။ စိတ်အပန်းပြေ

ဓာတ်ပုံရိုက်ဖို့အတွက် Photo Booth လှလှလေးတွေလည်း ရှိတာမို့ တစ်နေရာပြီးတစ်နေရာ ပုံစံမျိုးစုံနဲ့ ဓာတ်ပုံရိုက်လို့ရတယ်လေ။ တချို့စားစရာလေးတွေဆို ဗိုက်ပြည့်နေလို့ မစားနိုင်ပေမဲ့ ကြည့်ရတာနဲ့တင် ချစ်စရာကောင်းတာမျိုးလည်း ရှိသေးတယ်။ သကြားလုံးရောင်စုံတွေ၊ အသီးတွေ၊ ဆိုင်တွေက ခင်းကျင်းပြင်ဆင်ပုံတွေကို လျှောက်ကြည့်ရင်း ညစ်နေတဲ့စိတ်တွေ ပျောက်သွားရော။

Project K

 

၄။ ဖျော်ဖြေရေး

ဟင်းချက်ပြိုင်ပွဲလည်း လုပ်သွားသေးတယ်။ ပထမဆု ကျပ်တစ်သိန်းခွဲ၊ ဒုတိယဆု ကျပ်တစ်သိန်းနဲ့ တတိယဆု ကျပ်ငါးသောင်းတို့ကို ပေးအပ်ခဲ့ပြီး Duwun Food Carnival ကို အဓိက ကူညီပေးတဲ့ ခနောကြက်သားမှုန့်ကလည်း လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ မျက်လှည့်အစီအစဉ်၊ အကတွေနဲ့ တစ်ခုပြီးတစ်ခု တင်ဆက်သွားသလို လတ်တလော နာမည်ကြီးနေတဲ့ အဆိုတော်တွေကလည်း သီဆိုဖျော်ဖြေခဲ့ပြန်ပါတယ်။ ကောင်မလေးတွေ သည်းသည်းလှုပ်ကြတဲ့ Project K အကအဖွဲ့ကလည်း နာမည်ကျော်အကနဲ့ တင်ဆက်ပြီဆိုတော့ ပျော်ပြီလေ။ စင်အောက်က ခေးလေးတွေကလည်း အသံကုန်အော်ပြီးတော့ကို အားပေးတာပဲ။ လူငယ်ပီပီ လူငယ်ဘဝ အနှစ်သာရကို အပြည့်အဝ ခံစားရစေတဲ့ပွဲလေးမို့ နောက်ဆို Duwun Food Carnival ကို အမြဲတမ်း လာဖြစ်အောင်လာမယ်လို့ ဖြေသွားကြလေရဲ့။

Share

Loading Next Article...
က္က