ဒီဆိုုင်လေးကတော့ ဆရာစံလမ်းမကြီးပေါ်က Aroy ဆိုုတဲ့ဆိုင်လေးပါ။ Aroy ဆိုုတာ အရသာရှိတယ်ဆိုုတဲ့ အဓိပ္ဗာယ်ပါတဲ့။ ဆိုုင်လေးကိုု ဝင်သွားလိုုက်တာနဲ့ ဆွဲဆောင်တာ Decoration တွေပါ။ ထီးကလေးတွေနဲ့ အလှဆင်ထားတဲ့ နေရာလေးကတော့ အကြိုက်ဆုံုးပါပဲ။
 

ကဲ ထိုုင်းစာကောင်းကောင်း ကြိုက်သူတွေအတွက် နောက်တစ်ဆိုုင်တွေ့ထားပါပြီ။ ဒီဆိုုင်လေးကတော့ ဆရာစံလမ်းမကြီးပေါ်က Aroy ဆိုုတဲ့ဆိုင်လေးပါ။ Aroy ဆိုုတာ အရသာရှိတယ်ဆိုုတဲ့ အဓိပ္ဗာယ်ပါတဲ့။ ဆိုုင်လေးကိုု ဝင်သွားလိုုက်တာနဲ့ ဆွဲဆောင်တာ Decoration တွေပါ။ ထီးကလေးတွေနဲ့ အလှဆင်ထားတဲ့ နေရာလေးကတော့ အကြိုက်ဆုံုးပါပဲ။ ဆိုုင်က နှစ်ထပ်ရှိပြီး လေတဖြူးဖြူးနဲ့ထိုုင်ချင်ရင်တော့ အပေါ်ထပ်ကိုု ရွေးပါလေ။ ဆိုုင်ရဲ့ ဘားကောင်တာကလည်း အဆန်းလေး။ Vox Wagon ကားလေးနဲ့ဆိုုတော့ လန်းမှလန်း။

ကဲ အစားအသောက်အကြောင်း ပြောရအောင်။ ဘာတွေ စားခဲ့လဲဆိုုတော့

 

ငါးရံ့ဆားကြမ်း - ထိုုင်းမှာ နာမည်ကြီးတဲ့ ဟင်းလျာတစ်ခုုပါ။ ထိုုင်းရဲ့ နာမည်ကြီး Street Food ဆိုုလည်း မမှားပါဘူး။ ငါးတစ်ကောင်လုံုးကိုု ဆားကြမ်းနဲ့မံပြီး ကင်လိုုက်တာပါ။ ဆားက ငါးရဲ့ အစိုုဓာတ်ကိုု ထိန်းသိမ်းပေးတော့ အထဲက အသားတွေဟာ စိုုစိုုလေးနဲ့ ချိုနေမှာပါ။ ချီလီ့အကြိုက်ဆုုံး ဟင်းလျာပါ။

 

ငါးခူမွကြော်သရက်သီးသုတ် - ထိုုင်းအစားအစာဆိုုရင် ငါးခူမွကြော် သရက်သီးသုုတ်ကတော့ မစားမဖြစ်ဆိုုတော့ မှာလိုုက်တယ်။ ငါးခူကြော်ရဲ့ အအီကိုု သရက်သီးသုုတ်ကလေးက ထိန်းပေးတော့ လိုုက်ဖက်ညီတဲ့ အတွဲအစပ်လေးပါ။ ချီလီက ငါးဆိုုမကြိုက်ပေမဲ့လည်း မွမွကလေး စားရတဲ့ ငါးခူမွကြော်တော့ နှစ်သက်ပါတယ်။

 

ဂုတ်သားကင် - နောက်တစ်ခုုကတော့ ဝက်ကြိုက်သူ ဝက်ကိုုမှ စားချင်သူတွေကတော့ ဂုုတ်သားကင်ပေါ့။ ဂုုတ်သားကင် ကောင်းလား မကောင်းလားဆိုုတာ သူ့အချဉ်ရည်ပေါ် မူတည်တယ်လိုု့ ကိုုယ်ကတော့ ထင်တာပဲ။ ကဲ ကောင်းလား မကောင်းလား အချဉ်ရည်လေးနဲ့ တိုု့မြည်းခဲ့ပါ။

 

ဝက်လက်ဟင်း - ကိုုယ်တွေက ဝက်သမားတွေဆိုုတော့ ဝက်လက်ဟင်းလည်း မှာခဲ့တယ်။ ဒီဟင်းကတော့ အအီလေးပေါ့။ အအီပြေချင်ရင် သရက်သီးသုုတ်နဲ့ တွဲစားနော်။ ဝက်သားကိုု အိနေအောင် ပေါင်းထားတော့ စားရတာ အိစိ အိစိနဲ့ စားလိုု့ကောင်းမှကောင်း။

 

ပုစွန်ငြုတ်ပွထောင်း - ငါးတွေ ဝက်တွေပဲ ရတာမဟုုတ်ဘူးနော် ပုုစွန်ကြိုက်တယ်ဆိုုရင်ပုုစွန် ငရုုတ်ပွထောင်း မှာဖိုု့ Recommend ပေးပါတယ်။

 

ဖတ်ထိုင်းခေါတ်ဆွဲ - ထမင်းမစားချင်သူတွေအတွက် ဖက်ထိုုင်းခေါက်ဆွဲ။ ထိုုင်းဖက်ထိုုင်း ခေါက်ဆွဲထဲမှာ ဒီဆိုုင်က ခေါက်ဆွဲကိုုလည်း သဘောကျတယ်။ ထိုုင်းလက်ရာကိုုမီတယ်လိုု့ ခံစားရပါတယ်။ ဒီမှာ ကော့တေးဘားလေးလည်း ရှိတယ်။ ချီလီတိုု့မသောက်ခဲ့ရဘူး။ နောက်တစ်ခါ သောက်ပြီး ထပ်ရေးဦးမယ်။ ကဲ မိသားစုုနဲ့ ညနေစာစားဖိုု့ နောက်တစ်နေရာ သိအောင်ရှဲပေးလိုုက်ပြီနော်။ ရေးရင်း ဗိုုက်တောင်ဆာလာပြီ။

လိပ်စာကတော့ 66A ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

(ဤဆောင်းပါးသည် Food Review အကောင်းဆုံးပေးနိုင်သည့် Go With Me ဖေ့စ်ဘွတ်ပေ့ချ်မှ ဖြစ်သည်။)

Share

Loading Next Article...
က္က