ရေခဲခြစ်လေးအတိုင်းပဲ...

ဂေါ်ဖီထုပ်အနီရောင်ကို ခပ်ပါးပါးလှီးပြီး ရေနွေးထဲ ထည့်ပြုတ်လိုက်ပါ။ ရေနွေးအရောင်က မဲနယ်ပြာရောင် ဖြစ်လာပါလိမ့်မယ်။ မီးဖိုပေါ်ကချပြီးရင် ပုံစံခွက်လေးထဲထည့်ကာ ရေခဲသေတ္တာထဲမှာ ၆ နာရီလောက် အေးခဲအောင်ထားပေးလိုက်ပါ။

 

စောနက ပြုတ်ထားတဲ့ ဂေါ်ဖီထုပ်ပြုတ်ရည်ကို မီးပေါ်ပြန်တင်ပြီး သကြားထည့်ကျိုလိုက်ပါ။ သကြားတွေအရည်ပျော်သွားရင် ရပါပြီ။ ဖန်ကရားလေးထဲထည့်ထားလိုက်ပါ။ သံပရာသီးတွေကို အရည်ညှစ်ပြီး ရေနည်းနည်းရောကာ ပုံစံခွက်လေးထဲထည့်ပြီး စောနကလိုပဲ ရေခဲသေတ္တာထဲမှာ ၆ နာရီလောက် ခဲထားလိုက်ပါဦး။

 

Mojito ဖျော်စပ်ဖို့ ပြင်ဆင်ပါတော့မယ်။ ခဲထားတဲ့ ဂေါ်ဖီနီပြုတ်ရည်ကို Blender ထဲထည့်ကြိတ်ပါ။ ပြီးရင်ဖယ်ထားပြီး သံပရာခဲတွေကိုလည်း Blender ထဲမှာ ကြိတ်ပါဦး။ ကြိတ်တဲ့အခါ ပူစီနံရွက်လေးတွေပါ တပါတည်းထည့်ကြိတ်လိုက်ပါ။

 

ဖျော်မယ့်ခွက်ထဲကို ဂေါ်ဖီရေခဲထည့်၊ သံပရာရေခဲခြစ်ထည့်ပြီး အပေါ်ကနေ ရမ်အရက်လောင်းချ၊ သကြားရည်လောင်းချလိုက်ရင် ခွက်လေးက အရောင်ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။ ချစ်ဖို့ကောင်းတဲ့ Frozen Mojoto လေး ရပါပြီ။

Source : Tasty

Share

Loading Next Article...
က္က