လိမ္မော် ဂျင်း green tea အေးအေးလေးဟာ အသီးအရသာရောပြွမ်းတဲ့ လက်ဖက်စိမ်းရေနွေးကြမ်းအေးတစ်မျိုးုဖြစ်ပါတယ်။
 

လိမ္မော် ဂျင်း green tea အေးအေးလေးဟာ အသီးအရသာရောပြွမ်းတဲ့ လက်ဖက်စိမ်းရေနွေးကြမ်းအေးတစ်မျိုးုဖြစ်ပြီး antioxidant ကြွယ်ဝပြီး ကိုယ်တွင်းအဆိပ်တွေကိုပြယ်ပျောက်စေတဲ့ detox တစ်မျိုးလည်းဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်တွေကိုလည်း တိုးတက်စေတဲ့အတွက် အယ်လ်ဇိုင်းမားရောဂါတို့၊ ဆီးချိုသွေးချိုရောဂါအန္တရာယ်တို့ကလည်း ကင်းဝေးစေပါတယ်။

လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea) ရဲ့အာနိသင်တွေကတော့ သူ့မှာကြွယ်ဝစွာပါဝင်တဲ့ catechin ဆိုတဲ့ antioxidant တစ်မျိုးက လာပါတယ်။ Catechin ဆိုတာ ဆဲလ်ထိခိုက်ဒဏ်ရာရခြင်းကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းထက် antioxidant တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် လက်ဖက်စိမ်းရေနွေးကြမ်းတွေဟာလည်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ကိုလက်စထရောကို ကျဆင်းစေတယ်လို့လည်း လူသိများပါတယ်။ ဒါကြောင့် နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေကိုလည်း ဖြစ်မလာအောင်ကာကွယ်ပေးနိုင်ပါတယ်။

 

လက်ဖက်စိမ်းရေနွေးကြမ်းကြိုချက်မယ်ဆိုရင် အရမ်းမပြင်းတဲ့အပူချိန်လောက်နဲ့ပဲ ကြိုချက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပူချိန်အရမ်းပြင်းရင် catechin တွေရဲ့အာနိသင်တွေကို ပျက်ဆီးစေနိုင်လို့ပါပဲ။ ဂျင်းကတော့ သွေးတွင်းဆဲလ်တွေ မူမမှန်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ဂုဏ်သတ္တိရှိပြီး အစာခြေခြင်းနဲ့ အာဟာရတွေကိုကောင်းမွန်စွာစုပ်ယူနိုင်ခြင်းတို့ကိုလည်း ထောက်ပံ့ပေးပါတယ်။

အရည်ရွှမ်းပြီး ချိုမြိန်တဲ့လိမ္မော်သီးတွေကတော့ ဗိုက်တာမင်စီကြွယ်ဝမှုကြောင့်ထင်ရှားပါတယ်။ ဗိုက်တာမင်စီရဲ့လုပ်ဆောင်မှု တစ်ခုကတော့ free radical လို့ခေါ်တဲ့ ခန္ဓာကိုယ်ကိုထိခိုက်စေတဲ့အရာတွေကနေ ဆဲလ်တွေကိုကာကွယ်ပေးခြင်းပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ လိမ္မော်သီးမှာ ပိုတက်စီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဆိုဒီယမ်တို့လည်း ပါဝင်တဲ့အတွက် ဆဲလ်ထဲမှာ အရည်ပမာဏတွေ ပုံမှန်ဖြစ်စေဖို့လည်း ကူညီပေးပါတယ်။ နောက်ပြီး လိမ္မော်သီးမှာကြွယ်ဝစွာပါဝင်တဲ့ ဗိုက်တာမင်အေကလည်း မျက်စိအားကောင်းစေပါတယ်။

အဲဒီလိုအာဟာရ အကျိုးထူးတွေပြည့်နှက်နေခြင်းတွေသာမက ဒီလက်ဖက်စိမ်းရေနွေးကြမ်းလေးက အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။

ပြုလုပ်နည်း

 

ပါဝင်ပစ္စည်းတွေကတော့ ရေ (၄) ခွက်၊ အော်ဂဲနစ်လက်ဖက်စိမ်း လက်ဖက်ခြောက်ထုပ် (Green Tea) (၅) ထုပ်၊ နုတ်နုတ်စင်းထားတဲ့ ဂျင်းတက် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ပျားရည် (၃) (၄) ဇွန်း၊ လိမ္မော်သီး လတ်လတ်ဆတ်ဆတ်ကို အရည်ညှစ်ထားတဲ့ လိမ္မော်ရည် (၂) ခွက်၊ သံပုရာရည်လတ်လတ်ဆတ်ဆတ် (၁/၂) ခွက်တို့ပဲ ဖြစ်ပါတယ်။

အရင်ဆုံး ရေကိုဆူပွက်လာသည်အထိ ကြိုချက်ပါ။ ပြီးရင်မီးကိုပိတ်ပြီး လက်ဖက်ခြောက်ထုပ်တွေကို ထည့်စိမ်လိုက်ပါ။ ပြီးတာနဲ့ ဂျင်းတက်တွေကိုထည့်ပြီး (၂) မိနစ်၊ (၃) မိနစ်ခန့်ကြာအောင် စိမ်ထားပေးလိုက်ပါ။ ဂျင်းလက်ဖက်ရည်အေးသွားပြီဆိုတာနဲ့ ခရားတစ်လုံးထဲကိုထည့်လိုက်ပါ။ ပြီးရင်တော့ ပျားရည်နည်းနည်းရောလိုက်ပါဦး။

လိမ္မော်သီးလတ်လတ်ဆတ်ဆတ်ကို အရည်ညှစ်ထားတဲ့ လိမ္မော်ရည်နဲ့ သံပုရာသီးကိုအရည်ညှစ်ထားတဲ့ သံပုရာရည်ကို ခရားထဲ ထည့်ရောလိုက်ပါဦး။ ပြီးရင်တော့ သမသွားအောင်မွှေလိုက်ပါ။ အေးမြတဲ့ လက်ဖက်ရည်ကြမ်းလေးဖြစ်အောင် ရေခဲနည်းနည်း ရောလိုက်ပါဦး။ ပိုမိုကောင်းမွန်တဲ့ရနံ့ကိုရရှိအောင် ပူစီနံရွက်နည်းနည်းအုပ်လိုက်ရင် ပြီးပြည့်စုံတဲ့ လိမ္မော် ဂျင်းလက်ဖက်ရည်ကြမ်း အေးအေးလေးကို ရရှိပါပြီ။

Source: theharvestkitchen

Share

Loading Next Article...
က္က