အိမ်မှာသူငယ်ချင်းတွေကို အိမ်လုပ်မော့ခ်တေးလ်လေးတွေနဲ့ အစွမ်းပြကြမယ်လေ။


မွေးနေ့ပွဲမှာ အိမ်မှာသူငယ်ချင်းတွေကို ဖိတ်ပြီးမုန့်ခေါ်ကျွေးချင်တယ်။ စားစရာတစ်ခုခုနဲ့ အအေးနဲ့ဧည့်ခံမယ်ဆိုရင် ကိုလာတိုု့၊ စပရိုက်စ်တို့ တိုက်တာရိုးလွန်းပါတယ်။ အမြင်လည်းဆန်း၊ သောက်လို့လည်းကောင်းတဲ့ မော့ခ်တေးလ် (mocktail)လေးတွေ ဖျော်တိုက်မယ်ဆိုရင်တော့ ခင်ဗျားဟာ အထူးခြားဆုံးမွေးနေ့ရှင်ဖြစ်သွားမှာပါ။ ခင်ဗျားလုပ်ဖို့လိုတာက မော့ခ်တေးဖျော်စပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းလေးတွေပါပဲ။

၁။ အုန်းရည် mojito

 

ပြုလုပ်နည်းကလည်း လွယ်လွယ်လေးပါ။ အုန်းရည် (၃) ခွက်စာရယ်၊ သံပုရာရည် ခွက်တစ်ဝက်စာလောက်ရယ်၊ ပူစီနံ လေးငါးခြောက်ရွက်လောက်ရယ်၊ သခွားသီး (၂) စိတ်လောက်ရယ်ကိုယူပြီး အတူတကွရောလိုက်ပါ။ ပြီးရင် ပျားရည်နဲ့ အုန်းသီးဖတ်နည်းနည်းပါ ထည့်ချင်ထည့်လိုက်ပါဦး။ ရလာတဲ့ဖျော်ရည်ကို ရေခဲသေတ္တာထဲမှာ (၅) မိနစ်လောက် နှပ်ထားလိုက်ပါ။ ပြီးမှ ခွက်ထဲကို ရေခဲတုံးနည်းနည်းရယ်၊ သံပုရာသီး (၂) စိတ်လောက်ရယ်ထည့်ပြီး အရသာရှိတဲ့ အုန်းရည် mojito ကို သုံးဆောင်နိုင်ပါပြီ။

၂။ ဖရဲသီး mojito

 

ဒီ mojito လုပ်နည်းလေးကလည်း လွယ်ကူပါတယ်။ အရင်ဆုံးဖရဲသီးကို အစေ့တွေဖယ်ထုတ်ပြီး အသားချည်းပဲ ခြစ်ထုတ်လိုက်ပါ။ ရလာတဲ့ဖရဲသီးအသားကို သစ်သီးဖျော်စက်ထဲ ထည့်မွှေလိုက်ပါ။ ပြီးရင် ဖရဲသီးဖျော်ရည်ကို အဖတ်တွေကျန်ခဲ့အောင် ဇကာနဲ့အရင်စစ်ထုတ်ထားလိုက်ပါ။ ပြီးရင် သံပုရာရည် (၃) ပုံတစ်ပုံလောက်ရောလိုက်ပါ။ ပြီးရင်တော့ ခွက်တစ်ခွက်ထဲမှာ ရေခဲအသင့်ထည့်ထားပြီး ဖရဲသီးနဲ့ သံပုရာရည်အရောကို ထည့်လိုက်ပါ။ အပေါ်ကနေ ပူစီနံရွက်နည်းနည်းအုပ်ပေးလိုက်ရင် ချိုချဉ်ချဉ်အရသာလေးနဲ့သောက်လို့ကောင်းတဲ့ ဖရဲသီး mojito လေးကိုရရှိပါပြီ။ ဒီ မော့ခ်တေးလ်လေးကိုတော့ ဘာဘီကျူးအသားကင်လိုမျိုး အအီစာနဲ့တွဲဖက်ပေးဖို့ သင့်တော်ပါတယ်။

၃။ ဘလူးဘယ်ရီ လက်ဖက်စိမ်းမော့ခ်တေးလ်

 

ဘလူးဘယ်ရီသီးရနိုင်ရင်တော့ ဘလူးဘယ်ရီသီးအစစ်ကို သုံးသင့်ပြီး မရနိုင်ရင်တော့ ဘလူးဘယ်ရီဖျော်ရည်ဆီကို သုံးနိုင်ပါတယ်။ အရင်ဆုံး ဘလူးဘယ်ရီသီး (၁၀) လုံးခန့် (သို့) ဘလူးဘယ်ရီဖျော်ရည်ဆီကို ယူပြီး ပူစီနံရွက်လေးတွေနဲ့ သစ်သီးဖျော်စက်ထဲမှာ ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို Cocktail Shaker ထဲထည့်ပြီး  ပူစီနံအဆီ နည်းနည်းရောလိုက်ပါ။ ပြီးရင်သံပုရာရည်ထည့်ပါ။ လက်ဖက်စိမ်းအရည်ထပ်ရောပါ။ ပြီးရင်ကောင်းကောင်း shake ပေးပြီး ခွက်ထဲထည့်လို့ရပါပြီ။ ဆိုဒါနည်းနည်းရောပေးလိုက်ပါဦး။ အပေါ်ကပူစီနံရွက်လေးတွေအုပ်လိုက်ရင် အရသာရှိတဲ့ ဘလူးဘယ်ရီ mojito လေးကိုရရှိပါပြီ။

Source: Youtube

Share

Loading Next Article...
က္က