လုပ်ရတာလည်းလွယ်၊ စားလို့လည်းကောင်းတဲ့ Oreo ရေခဲမုန့်ဆင်းဒဝစ်ချ်လေးတွေ လုပ်စားကြမယ်လေ။


ရေခဲမုန့်က သူ့ချည်းပဲစားရတာတောင် စားလို့ကောင်းပါတယ်။ သူ့ကိုကွတ်ကီးလေးတွေနဲ့ဆင်းဒဝစ်ချ်လုပ်စားလိုက်ရင် ပိုစားလို့ကောင်းပါတယ်။ တကယ်လို့ ခင်ဗျားသာလုပ်ရတာလွယ်ကူပြီး စားလို့ကောင်းတဲ့ရေခဲမုန့်ဆင်းဒဝစ်ချ်ကို စားချင်တယ်ဆိုရင် oreo ရေခဲမုန့်ဆင်းဒဝစ်ချ်က အသင့်တော်ဆုံးပါပဲ။ ဒီဆင်းဒဝစ်ချ်သေးသေးလေးတွေက ပါတီပွဲတွေ၊ ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေမှာ ဧည့်ခံမယ်ဆိုရင် သင့်တော်ပြီး ကိုင်တွယ်ရတာလည်း လွယ်ကူပါတယ်။ ခင်ဗျားအနေနဲ့မတူညီတဲ့ ရေခဲမုန့်ဆင်းဒဝစ်ချ်လေးတွေကို ဖန်တီးဖို့ မတူညီတဲ့ရေခဲမုန့်အရသာတွေနဲ့ မတူညီတဲ့ topping တွေကိုရွေးချယ်အသုံးပြုလို့ရပါတယ်။



Oreo ရေခဲမုန့်ဆင်းဒဝစ်ချ်ကိုပြုလုပ်ဖို့အတွက် Oreo ကွတ်ကီးအခု (၂၀) လောက်ရယ်၊ မိမိနှစ်သက်ရာရေခဲမုန့် (၂) ဇွန်း (ရေခဲမုန့်ကော်တဲ့ဇွန်းနဲ့) လောက်ရယ်၊ မိမိနှစ်သက်ရာ topping ရယ် (Sprinkle ဆိုရောင်စုံသကြားချောင်းသေးသေးလေးတွေ၊ M&M ချောကလက်လုံးလေးတွေ၊ mini marshmallow သေးသေးလေးတွေ စသဖြင့်) လိုအပ်ပါတယ်။



စတင်ပြုလုပ်မယ်ဆိုရင် topping တွေကို အလတ်စားအရွယ် ပန်းကန်လုံးလေးတွေထဲမှာခွဲထည့်ထားလိုက်ပါ။ ပြီးရင် Oreo ကွတ်ကီးတစ်ချပ်ချင်းစီကို အလည်ကဆွဲခွာပြီး ပန်းကန်ပြားတစ်ချပ်ထဲထည့်ထားလိုက်ပါ။ အထဲကခရင်မ်တွေကိုဖယ်ပစ်ရင်လည်းရတယ်။ အချိုကြိုက်တတ်ရင်တော့ ဒီအတိုင်းပဲ ထားတာ ပိုကောင်းပါတယ်။ ပြီးရင် မိမိနှစ်သက်ရာရေခဲမုန့်ကို Oreo တစ်ချပ်စီပေါ်မှာတင်ပြီး အပေါ်က Oreo နောက်တစ်ခြမ်းနဲ့ပြန်အုပ်ပါ။ အဲဒီပုံစံအတိုင်း Oreo ကွတ်ကီးလေးတွေ ကုန်သွားသည်အထိ ရေခဲမုန့်လိုက်ညှပ်ပါ။ ပြီးရင် Oreo ရေခဲမုန့်ဆင်းဒဝစ်ချ်လေးတွေကို မိမိနှစ်သက်ရာ topping ပန်းကန်ထဲထည့်ပြီး topping လေးတွေကပ်ပါလာအောင် လိမ့်ပေးလိုက်ပါ။ ပြီးရင် ရေခဲမုန့်ဆင်းဒဝစ်ချ်လေးတွေ မာသွားအောင် ရေခဲသေတ္တာ အအေးခန်းထဲထည့်ပြီး (၂) နာရီလောက်အအေးခံထားလိုက်ပါ။ ပြီးရင် အအေးခန်းထဲကပြန်ထုတ်ပြီး အရသာရှိတဲ့ Oreo ရေခဲမုန့်ဆင်းဒဝစ်ချ်လေးတွေကို သုံးဆောင်နိုင်ပါပြီ။



Source: wikihow

Share

Loading Next Article...
က္က