Food & Travel: ကလေးတွေကြိုက်မယ့် smoothie ဖြစ်စေဖို့ အကြံဉာဏ် (၅) ခု

အသီးဖျော်ရည်ကို မကြိုက်ဘူးဆိုရင် ရေခဲချောင်းအဖြစ်နဲ့ကျွေးနိုင်ပါတယ်။

play

 

သစ်သီးတွေကို နို့နဲ့ပေါင်းစပ်ဖျော်ထားတဲ့ smoothie တွေဟာ အစားလျော့လိုသူတွေနဲ့ သစ်သီးကြိုက်သူတွေအတွက်တော့ ထိပ်တန်းဖျော်ရည်ပေါ့။ အာဟာရလည်းရှိသလို အဆာလည်းပြေစေတယ်လေ။ သစ်သီးနဲ့ဟင်းသီးဟင်းရွက်မကြိုက်တဲ့ကလေးတွေကို smoothie တိုက်ဖို့အတွက် သူတို့အကြိုက်ဖြစ်ဖို့ လိုပါတယ်။

၁။ သင့်ကလေးက ဘယ်လိုအရသာကြိုက်သလဲဆိုတာ သိပါစေ။ အစပိုင်းမှာတော့ ကလေးအကြိုက်ကိုလိုက်လျောပြီး တဖြည်းဖြည်းနဲ့ ကျန်းမာရေးအတွက်သင့်လျော်တာတွေကို ရောနှောထည့်သွင်းကာ အကျင့်လုပ်ပေးပါ။

play

 

၂။ ဖျော်စပ်တဲ့အခါမှာ ကလေးတွေကိုလည်း ပါဝင်ကူညီခွင့်ပေးလိုက်ပါ။ ဒါဆိုရင် သူတို့လက်ရာကို သူတို့ကိုယ်တိုင်သောက်ကြမှာပါပဲ။

၃။ အသီးဖျော်ရည်ကို မကြိုက်ဘူးဆိုရင် ရေခဲသေတ္တာထဲမှာအေးခဲစေပြီးမှ ရေခဲချောင်းအဖြစ်နဲ့ကျွေးနိုင်ပါတယ်။

၎။ ကလေးတွေက ဟင်းရွက်စိမ်း၊ သစ်သီးစိမ်းတွေကိုဆို မကြိုက်ပါဘူး။ ဒီတော့ ဖျော်ဖို့ပြင်ဆင်နေချိန်မှာရော ဖျော်နေစဉ်မှာပါ အဲ့တာတွေကို သူတို့မမြင်ပါစေနဲ့။

play

 

၅။ ခရင်မ်များများပါတာကို ကလေးတွေက ကြိုက်ပါတယ်။ ခရင်မ်ကို အဆီတွေနဲ့ပြုလုပ်ထားတာပါ။ ဒါကြောင့် အခြား ကျန်းမာရေးနဲ့ညီညွတ်တဲ့ မြေပဲထောပတ်၊ သီဟိုဠ်စေ့၊ အယ်လ်မွန်စေ့တို့ကို ထည့်ဖျော်မယ်ဆိုရင် ကလေးတွေကြိုက်မှာသေချာပါတယ်။ ဒါတွေထည့်ခြင်းအားဖြင့် သကြားထည့်စရာမလိုဘဲ အချိုဓာတ်ရနိုင်တာပေါ့။

Source : Healtysmoothie

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ