ဝချင်တယ်.. ဆေးမသောက်ချင်ဘူး ထမင်းလည်းအများကြီးမစားနိုင်ဘူး..

ခေတ်ကိုက အကိတ်ခေတ် ဖြစ်နေပြီ။ အရင်ကလို ပိန်ပိန်ပါးပါး ခန္ဓာကိုယ်တွေထက် ကောက်ကြောင်းပေါ်မှ လှတယ်လို့ ယူဆကြတဲ့ခေတ်ပါ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး ပိန်လွန်းလို့ စိတ်ညစ်နေရတဲ့ ခေးလေးတွေအတွက် ဝိတ်တက်စေမယ့် smoothie ဖျော်ရည်တွေကို သောက်ကြည့်ဖို့ အကြံပေးပါရစေ။ အရသာလည်းရှိ ကိုယ်အလေးချိန်လည်း တက်စေတာမို့ သောက်ကြည့်ချင်ကြမယ်လို့ ထင်ပါတယ်။

 

၁။ ချောကလက်-မြေပဲထောပတ်

မြေပဲထောပတ်မှာ နှလုံးကိုကျန်းမာစေတဲ့ အဆီဓာတ် များများပါပါတယ်။ ကိုကိုးမှုန့် (ချောကလက်)ကလည်း ကျန်းမာရေးအတွက် သင့်လျော်တဲ့အရာပါ။ အယ်လ်မွန်နို့ (almond milk) တစ်ခွက်၊ ထောပတ်သီးတစ်ခြမ်း၊ မြေပဲထောပတ် ထမင်းစားဇွန်း ၃ ဇွန်း၊ ကိုကိုးမှုန့် ထမင်းစားဇွန်း ၁ ဇွန်းနဲ့ သစ်ကြံပိုးခေါက်မှုန့် လက်ဖက်စားဇွန်းတစ်ဝက်တို့ကို ရောစပ်ပြီး ဖျော်သောက်ပါ။ အီဆိမ့်ပြီး အရသာက ရှယ်ပဲ။

strawberry-banana-blueberry-smoothie_1.jpg 

၂။ ဘယ်ရီသီး-ငှက်ပျောသီး

ဗီတာမင်တွေပါတယ်၊ ဓာတ်တိုးဆန့်ကျင်သတ္တိတွေပါတယ်၊ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယံ (potassium) လည်း ပါဝင်လို့ ကျန်းမာရေးလည်းကောင်း လူကိုလည်း အားရှိစေမယ့် ဖျော်ရည်ပါ။ နွားနို့ ခွက်တစ်ဝက်၊ ဒိန်ချဉ် ခွက်တစ်ဝက်၊ ငှက်ပျောသီးတစ်လုံး၊ စတော်ဘယ်ရီ ခွက်တစ်ဝက်၊ ဘလူးဘယ်ရီသီး ခွက်တစ်ဝက်တို့ကို ရောဖျော်ပြီး သောက်ကြည့်ပါ။ ငှက်ပျောသီး၊ ဒိန်ချဉ်နဲ့နို့ကို blender ထဲမှာ အရင်ကြိတ်ချေပြီးမှ ကျန်တာတွေကို ထပ်ဖြည့်ကာ ဖျော်ရပါတယ်။ ခန္ဓာကိုယ် ပင်ပန်းနေတဲ့အခါမျိုးမှာ သောက်မယ်ဆို ချက်ခြင်းပဲ အားတွေရှိလာမယ့် smoothie ဖြစ်ပါတယ်။

strawberry-avocado-smoothie_0.jpg 

၃။ စတော်ဘယ်ရီ-ထောပတ်

နွားနို့၊ ဒိန်ချဉ်၊ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ ထောပတ်သီးနဲ့ ဗနီလာတို့ကိုလည်း ရောစပ်ဖျော်သောက်နိုင်ပါတယ်။ ငှက်ပျောသီးနဲ့ ထောပတ်သီးကို blender ထဲမှာ အရင်ထည့်မွှေပါ။ ပြီးမှ ကျန်တာတွေကို ထပ်ဖြည့်ပါ။

Source : Be Beautiful

Share

Loading Next Article...
က္က