တကယ်ကို ဆန်းပြားတဲ့စိတ်ကူးပါပဲ။
 

တကီလာအရက် (tequila) ကို ပုံမှန်အားဖြင့်တော့ ခွက်သေးသေးလေးထဲထည့်ပြီးတော့ သောက်ကြပါတယ်။ ဒီလိုမဟုတ်ရင်လည်း အခြားသစ်သီးရည်နဲ့ရောစပ်ကာ မာဂရီတာ (margarita) အဖြစ် သောက်ကြပါတယ်။ ဂျာမနီမှာတော့ တကီလာက မိုးလိုရွာသတဲ့။ တိမ်တွေထဲကနေ တကီလာတွေ ရွာချအောင် လုပ်ထားတယ်ဆိုပဲ။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ဖရဲသီး မာဂရီတာ ကော့တေးလ် (Watermelon Margarita) ကိုယ်တိုင်စပ်ဖို့နည်း

 

ဂျာမနီနိုင်ငံ ဘာလင်မြို့က ခေတ်ပြိုင်အနုပညာပြခန်းတစ်ခုမှာ တကီလာမိုးတွေ ရွာပြခဲ့တာပါ။ ဒီနည်းပညာကို အမေရိကန်ကြော်ငြာအေဂျင်စီ Lapiz က တာဝန်ယူပေးခဲ့တယ်လို့ ဆိုတယ်။ Lapiz က နှုန်းလွန်အသံလှိုင်း လေထုစိုထိုင်းစက်ကို အသုံးပြုကာ အသံလှိုင်းနှုန်းမြင့်မှာ အခိုးအငွေ့ပုံသဏ္ဍန်ဖြစ်အောင် ပြောင်းလဲစေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တကီလာကို မမြင်ရနိုင်တဲ့ ပလတ်စတစ်ဘူးအတွင်း တွန်းထည့်ထားလိုက်ခြင်းဖြင့် ဘူးထဲမှာ သိပ်သည်းနေတဲ့ ရေငွေ့က တိမ်ထုအသွင် ဖြစ်သွားပါတယ်။ သောက်သုံးလိုတဲ့အခါ ယင်းတိမ်ထုကနေ တကီလာအရက်ကို မိုးလို ရွာချပေးပါတယ်။

မိုးရွာပေးနိုင်အောင်တော့ ကွန်ပျူတာကနေ ပရိုဂရမ်တစ်ခုနဲ့ ထိမ်းချုပ်ထားပြီး ဘာလင်မြို့မှာ မိုးရွာတိုင်း ဒီတိမ်ထုကနေလည်း တကီလာမိုးရွာကျအောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဘာလင်မြို့ရဲ့ စွတ်စိုအေးချမ်းနေနတဲ့ ရာသီဥတုကို စိတ်ကုန်နေသူတွေအနေနဲ့ မက္ကဆီကိုက နွေးထွေးတဲ့ကမ်းခြေတွေကို ရောက်သွားသလို ခံစားရစေဖို့ ရည်ရွယ်တယ်လို့ Lapiz ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

Source : Daily Mail

Share

Loading Next Article...
က္က