နီပေါရဲ့မြို့တော်ဖြစ်တဲ့ ဒီ ခတ္တမန္ဒူမြို့ဟာ လှပတဲ့ ဟိမဝန္တာတောင်တန်းကြီး အလယ်ချိုင့်ဝှမ်းထဲမှာ တည်ရှိပါတယ်။

17553444_1140942332719145_723631665544408081_n.jpg 

ဘယ်တွေသွားခဲ့လဲ ?

တစ်ပတ်တိတိ လည်ပတ်ခဲ့ပြီးမြို့လေးမြို့လောက် သွားခဲ့ပါတယ်။ ဒါကြောင့် ပြောစရာတွေ အများကြီးမိုု့ သေချာ ကြည့်ပေးနော်။



Kathmandu ခတ္တမန္ဒူမြို့ မှာဘယ်တွေသွားကြမလဲ?

နီပေါရဲ့မြို့တော်ဖြစ်တဲ့ ဒီ ခတ္တမန္ဒူမြို့ဟာ လှပတဲ့ ဟိမဝန္တာတောင်တန်းကြီး အလယ်ချိုင့်ဝှမ်းထဲမှာ တည်ရှိပါတယ်။ ဒီမှာတော့ ရှေးဟောင်း ဘုုရား၊ ရှေးဟောင်းအဆောက်အဦးတွေကိုု အဓိက လေ့လာလိုု့ ရမှာဖြစ်ပါတယ်။

၁) Pashupatinath ဘုုရားကျောင်း

ဒါကတော့ ဟိန္ဒူလူမျိုးများ အထွဋ်အမြတ်ထားရာ ဘုုရားကျောင်းပါ။ ဒီဘုုရားကျောင်းမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ အလောင်းတွေကို မီးရှို့ပူဇော်ပြီး Bagmati မြစ် (Holy River သန့်စင်တဲ့မြစ်) ထဲကိုု ပြာတွေမြောချ ခြင်းဖြင့် နောင်ဘဝရှိမလာတော့ဘဲ သံသရာဝဋ်ဆင်းရဲကနေကင်းလွတ်တယ်လို့ အဆိုရှိကြတယ်။

 
သေဆုံုးသောသူ၏ သားတွေကသာ အစအဆုံုး ကိုုယ်ထိလက်ရောက် နောက်ဆုံုးခရီးကိုု ပိုု့ဆောင်ခွင့်ရပါတယ်။ မြစ်ကမ်းဘေးတစ်ချက်မှာ အလောင်းတွေကိုု မီးရှို့တဲ့ဘက်က တစ်ဖက်၊ မိသားစုုဝင်တွေက ဆုုတောင်းတဲ့ဘက်က တစ်ဖက် ဆိုုပြီး နှစ်ဖက်ရှိပါတယ်။ ဒီဘုုရားကျောင်းမှာ ဆာဒူးကြီးတွေကိုု တွေ့ရပြီး ဆာဒူးကြီးတွေ တရားထိုုင်တဲ့ ဂူလေးတွေကိုုလည်း တွေ့ရပါတယ်။



၂) Boudhanath Temple

UNESCO World Heritage Site ဖြစ်တဲ့ ဒီ တတိယမျက်လုံုး ဘုုရားဟာဆိုုရင် ကမ္ဘာပေါ်ရှိ အကြီးဆုံုးဘုုရားများထဲက တစ်ဆူဖြစ်ပါတယ်။ ဂေါတမဘုုရား ပရိနိဗ္ဗာန်စံပြီး သိပ်မကြာခင်မှာ တည်ထားတယ်လိုု့ ပြောကြပါတယ်။ စေတီမှာ ထူးခြားတဲ့ ဧရာမမျက်လုံုးကြီးနဲ့ အလည်မှာ နှာခေါင်းပုံုစံ အင်္ဂလိပ်အက္ခရာ 9 ကိုု ရေးဆွဲထားတာတွေ့ရမှာပါ။ ဒါက နီပေါရဲ့ သင်္ကေတဖြစ်ပြီး ရောက်ရာအရပ်က နီပေါလက်မှုပစ္စည်းတွေမှာလည်း ဒီသင်္ကေတကိုု အမြတ်တနိုုး အသုံုးပြု ထားတာကိုု တွေ့ရမှာပါ။



၃) Swayambhunath

သူကတော့ Boudhanath Temple ကနေ သိပ်မဝေးတဲ့ နေရာမှာ တည်ရှိတဲ့ တောင်ကုုန်းပေါ်က ရှေးဟောင်းနေရာလေးတစ်ခုုပါ။ ဒီကိုုသွားမယ်ဆိုုရင်တော့ လှေကားပေါ် ၃၆၅ ခုုကိုု ဖြတ်ကျော်ပြီး တက်နိုုင်သလိုု ကားနဲ့ တစ်ဝက်လောက်ထိလည်း တက်လိုု့ရတဲ့ လမ်းနှစ်လမ်းရှိပါတယ်။ လှေကားပေါ် ၃၆၅ ထစ်ကိုု ကျော်ဖြတ်အပြီးမှာတော့ မြို့တော် ခတ္တမန္ဒူရဲ့အလှကိုု လုံုးဝအထင်အရှား တွေ့ရမှာပါ။ ဒီနေရာလေးမှာ နီပေါနိုုင်ငံရဲ့ အမှတ်တရပစ္စည်းတွေ ဝယ်နိုုင်သလိုု အရမ်းလှတဲ့ ပုံုလေးတွေလည်း ဓာတ်ပုံုရိုုက်လိုု့ရပါတယ်။ နောက်ပြီး သူတိုု့ရဲ့ ရိုုးရာဓလေ့ ဆုုတောင်းမှုတွေကိုုလည်း တွေ့နိုုင်ပါသေးတယ်။ အောက်ဘက်ကိုုရောက်ရင် မဆလာလက်ဖက်ရည်တိုု့၊ စမူဆာသုုတ်တိုု့လည်း ဝယ်စားလိုုက်ဦးနော်။



၄) Bhaktapur Dubar Square

Kathmandu၊ Patan နဲ့ Bhaktapur ဆိုုတဲ့ နီပေါရဲ့ Kingdom တွေထဲမှာ Bhaktapur က အကြီးဆုံုးဖြစ်ပါတယ်။ နီပေါဘုုရင် နောက်ဆုံုး မင်းဆက်နေခဲ့တဲ့ နေရာဖြစ်တဲ့အပြင် Malla Kingdom ရှိစဉ်အခါ ၁၅ ရာစုုတုုန်းက နီပေါနိုုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့ဖူးပါတယ်။ ဒီမှာဆိုုရင် ရှေးဟောင်း ဟိန္ဒူ ဘုုရားကျောင်းတွေကိုု လေ့လာလိုု့ရတဲ့အပြင် သူတိုု့ဆီက ပစ္စည်းတွေဝယ်ဖိုု့ ကောင်းတဲ့နေရာလေးပါ။



၅) Thamel Chowk

ဈေးဝယ်မယ် နီပေါအစားအသောက်တွေ စားမယ်ဆိုုရင် ဒီနေရာကိုု ရောက်အောင် သွားပါဦး။ ဒီဈေးတန်းလေးက မနက်ရော ညရော စည်ကားတဲ့နေရာလေးပါတဲ့။



၆) Night Out at Kathmandu

ခတ္တမန္ဒူမှာ ညဘက်လည်စရာ ဘားတွေ ကလပ်တွေလည်း အပြည့်ရှိပါတယ်။ ဈေးတွေကလည်း တအားပေါတယ်။ Shisha တစ်အိုုးကိုုမှ ၅ ဒေါ်လာလောက်ပဲရှိတယ်။ အရမ်း သဘောကျတယ်။ ညဘက်သွားရင်လည်း အန္တာရာယ်မများပါဘူး။ တော်တော် Safe ဖြစ်ပါတယ်။



၇) Mountain Flight

နီပေါနိုုင်ငံမှာ ကမ္ဘာ့အမြင့်ဆုံုးတောင် ဆယ်တောင်မှာ ရှစ်တောင်ရှိတဲ့နေရာ လေးပါ။ ဧဝရတ်တောင်တွေအပြင် ကမ္ဘာ့အမြင့်ဆုံုးရေခဲတောင်တွေကိုု နီးနီးကပ်ကပ်ကြည့်ချင်တယ် ဆိုုရင်တော့ ဒီ Mountain Flight ကိုုစီးလိုု့ရပါတယ်။ ၄၅ မိနစ်ကြာမြင့်ပါတယ်။



Chandragiri (ချန်ဒရာဂီရိ)

နီပေါမြို့တော် ခတ္တမန္ဒူမြို့ကနေတစ်နာရီလောက် ထပ်စီးပြီးသွားရင်ရပါတယ်။ ပိုုခရာမြိုု့ကိုု သွားတဲ့လမ်းပေါ်မှာ ရှိပါတယ်။ လေယာဉ်နဲ့သွားရင်တော့ ဒီနေရာကိုု သွားလိုု့မရဘူးလေ။ ဒီမှာက ရေခဲတောင်တွေကိုု မှန်ပြောင်းတွေနဲ့ကြည့်တဲ့ ဗျူးပွိုင့်ကိုု Cable Car နဲ့ သွားရတာပါ။
 

တောင်ပေါ်မှာ ဘုရားကျောင်းတစ်ခုုရှိသလိုု ကလေး ကစားကွင်းလေးရယ်၊ ကော်ဖီဆိုင်လေးရယ်၊ Lunch စားဖိုု့ restaurant လေးရယ်ရှိတာမိုု့ အေးဆေး အပန်းဖြေလိုု့ရတဲ့နေရာလေးပါ။ နောက်ဆိုုဒီမှာ Resort တစ်ခုု ရှိတော့မှာဖြစ်ပြီး အခုုဆောက်နေတာကိုု တွေ့ခဲ့ရတယ်။ Zipline Adventure လည်း လုုပ်လိုု့ရတော့ မှာတဲ့လေ။

 

(ဤဆောင်းပါးသည် Travelling Review အကောင်းဆုံးပေးနိုင်သည့် My Khayee ဖေ့စ်ဘွတ်ပေ့ချ်မှ ဖြစ်သည်။)




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က