အလှဆုံးဟိုတယ်က မြန်မာနိုင်ငံနဲ့ တော်တော်နီးတယ်....
 

သစ်ပင်တွေပေါ်မှာ သစ်သားအိမ်လေးဆောက်ပြီး တစ်ကိုယ်တော်နေချင်မိတဲ့စိတ်ကူးဟာ ကလေးဘဝအိပ်မက်ပါပဲ။ သစ်ပင်တွေပေါ်မှာ ဆောက်လုပ်ထားတဲ့အိမ် (tree house) လေးတွေကို ကမ္ဘာအနှံ့ဟာ ဟိုတယ်အဖြစ်နဲ့ ဖွင့်လှစ်ထားတာတွေရှိတယ်။ ခရီးသွားသူတွေအတွက် အားထားရတဲ့ ဟိုတယ်အကြောင်းတွေဖော်ပြရာ Hotels.com ဝက်ဘ်ဆိုက်က တည်းခိုသူတွေအကြိုက် ကမ္ဘာ့အကောင်းဆုံး tree house ဟိုတယ် ၁၀ ခုကို ရွေးချယ်ဖော်ပြခဲ့ပါတယ်။



 

(၁၀) Daintree Eco Lodge & Spa

သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်မြောက်ပိုင်းက အမြဲစိမ်းတောတွင်းမှာ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ တစ်ညတာ တည်းခိုစရိတ်က ၂၀၁ ပေါင် ပေးရပါတယ်။

 

(၉) Eureka Springs Treehouses

တစ်ညတည်းခိုခ ပေါင် ၁၁၀ ပေးရတဲ့ ဒီနေရာလေးဟာ နာမည်ကျော်မြို့တွေရဲ့ အငွေ့အသက်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဗင်းနစ်၊ နယူးယော့ခ်၊ ပါရီတို့လို အခန်းနာမည်လေးတွေ ပေးထားသတဲ့။

 

(၈) Silky Oaks Lodge Mossman

ဒါလည်းပဲ သြစတြေးလျမှာရှိတယ်။ တစ်ညကို ပေါင် ၂၄၀ ပေးရတဲ့ treehouse ဟိုတယ်က စိတ်ကိုအားသစ်လောင်းပေးနိုင်တဲ့ spa ကြောင့် ရောက်ဖူးသူတိုင်း သဘောကျကြတယ်။ Great Barrier Reff ရဲ့ အလှအပတွေကိုလည်း ခံစားနိုင်တဲ့နေရာပါ။

 

(၇) Aqua Wellness Resort

နီကာရာဂွာရဲ့ မြကမ်းရိုးတမ်း (Emerald Coast) မှာ တည်ရှိတဲ့ ဟိုတယ်ပါ။ တောတောင်ရဲ့အလှအပနဲ့ ပင်လယ်ရဲ့အလှအပကို နှစ်မျိုးလုံး ခံစားရမှာဖြစ်ပါတယ်။ သစ်လုံးအိမ်လေးတွေသဏ္ဍန် ဆောက်လုပ်ထားပုံက သဘာဝကျကျပါပဲ။ ရေကန်သေးသေးလေးတွေ သီးသန့်ထည့်ထားပေးသေးတယ်။ တစ်ညကို တည်းခိုစရိတ် ၁၄၉ ပေါင် ဖြစ်ပါတယ်။

 

(၆) Japamala Resort

မလေးရှားနိုင်ငံ Tioman ကျွန်းမှာ တည်ရှိပါတယ်။ တောင်တရုတ်ပင်လယ်ကို ထိတွေ့ခံစားနိုင်မှာဖြစ်သလို ဟိုတယ်ကိုသွားမယ်ဆို လှေနဲ့သွားမှရောက်ပါတယ်။ တစ်ညကို ၁၃၄ ပေါင်လောက် ပေးရသတဲ့။

 

(၅) Tsala Treetop Lodge

တောင်အာဖရိက တောထဲက Plettenberg ပင်လယ်အော်နားမှာ ဆောက်လုပ်ထားတဲ့ဟိုတယ်ပါ။ တည်းစရိတ်က တစ်ညကို ၃၇၆ ပေါင် ပေးရတာဆိုတော့ ဈေးအတော်များတဲ့အထဲမှာပါတယ်။ ဟိုတယ်က အခန်းတွေအားလုံးမှာ spa bathroom တစ်ခုစီ ပါဝင်ပါတယ်။ ရေကူးကန်ကလည်း နာမည်ကြီးပါတယ်။

 

(၄) Four Seasons Resort

ကိုစတာရီကာနိုင်ငံက လေးရာသီအပန်းဖြေစခန်းပါ။ အိပ်မက်ဆန်တဲ့ရှုခင်းက လူကို မင်သက်အံ့သြသွားစေလောက်တယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၂၀ အမြင့်မှာ တည်ရှိတာက ပိုပြီးတော့ ထူးခြားတာပါ။ တည်းခိုစရိတ်က တစ်ညကို ၃၇၆ ပေါင် ဝန်းကျင် ပေးရပါတယ်။

 

(၃) Azulik Adults Eco-Resort & Maya Spa

မက္ကဆီနိုင်ငံ တူလမ်ဒေသက Azulik Adults အပန်းဖြေစခန်းက တောတွင်းလူသားဘဝ ရောက်သွားသလို ခံစားရစေလိမ့်မယ်။ လုံးဝကို သဘာအတိုင်းပဲ။ တစ်ညကို ၂၀၁ ပေါင် ပေးရတယ်လို့ သိရပါတယ်။

 

(၂) Tree Hotel

ဆွီဒင်နိုင်ငံက Tree Hotel ဟာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ဖန်တီးထားတဲ့ ဟိုတယ်လေးဖြစ်ပါတယ်။ ပုံစံကိုကြည့်ရတာ သည်းထိတ်ရင်ဖိုဒီဇိုင်းနဲ့ပါ။ တည်းမယ်ဆိုရင် တစ်ညကို အနည်းဆုံး ၄၂၈ ပေါင် ပေးရမယ်လို့ဆိုတယ်။

 

(၁) Keemala

ခရီးသွားတွေအကြိုက်ဆုံး tree house ဟိုတယ်ကတော့ ထိုင်းနိုင်ငံမှာ တည်ရှိပါတယ်။ ထိုင်းနိုင်ငံက ငှက်သိုက်ဟိုတယ်ဟာ tree house ဟိုတယ်တွေထဲမှာ ခရီးသွားတွေ အနှစ်သက်ဆုံးအဖြစ် မဲပေးရွေးချယ်ခံထားရတာပါ။ သစ်တောကြီးရဲ့သဘာဝကို မြင်တွေ့ခံစားရနိုင်မယ့်အပြင် ရေကူးကန်ကလည်း တကယ့်ကို စိတ်လှုပ်ရှားချမ်းမြေ့စေအောင် ထည့်သွင်းထားပြန်တယ်။ တည်းခိုစရိတ်အနေနဲ့ တစ်ညကို ပေါင် ၃၀၀ နဲ့အထက် ပေးရပါလိမ့်မယ်။

Source : Metro


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က