AD
AD
AD
play

 
ဒါပေမဲ့ တကယ်တမ်း Friday The 13th ဟာ ဘယ်လိုဖြစ်လာတယ်၊ အဲဒီနေ့နဲ့ ဘယ်လို အကြောင်းအရာတွေ ပတ်သက်နေတယ်ဆိုတာကိုတော့ သိချင်မှ သိကြပါလိမ့်မယ်။ ဒါကြောင့် ပရိသတ်ကြီးအတွက် ဗဟုသုတအနေနဲ့ စုစည်းဖော်ပြပေးလိုက်ပါတယ်။

play


၁။ တချို့အဆိုအရ Friday the 13th ဆိုတာ ခရစ်တော် ယေရှုရဲ့ နောက်ဆုံး ညစာစားပွဲကို အစွဲပြုပြီး ယုံကြည် သတ်မှတ်လာကြတာလို့ဆိုပါတယ်။ အဲ့ဒီညစာစားပွဲမှာ ခရစ်တော်ယေရှုကို ရောင်းစားခဲ့သူ ဂျူးဒ ဟာ ၁၃ယောက်မြောက် ဧည့်သည်ဖြစ်ပြီး ယေရှုအသတ်ခံရတဲ့နေ့ဟာ သောကြာနေ့ ဖြစ်ခဲ့တာကြောင့်လို့ ဆိုကြပါတယ်။

play


၂။ ၁၃၀၇ခုနှစ် ၁၃ရက်နေ့ သောကြာနေ့တစ်ခုမှာ ထောင်ပေါင်းများစွာသော စစ်သည်ရဲမက်တွေဟာ ဘုရင် Philip IV ကြောင့် အဖမ်းခံခဲ့ကြရပါတယ်။ နှစ်ပေါင်းများစွာအနှိပ်စက်ခံခဲ့ကြရပြီးတဲ့နောက်မှာ သူတို့ဟာ အရှင်လတ်လတ် မီးရှို့အသတ်ခံခဲ့ ကြရတာပါ။ ဒါကြောင့် အဲ့ဒီ့စစ်သည်ရဲမက်တွေအကြောင်းနဲ့ Friday the 13th ဟာ ချိတ်ဆက်မှုတစ်ခုခု ရှိနေနိုင်တယ်လို့ နာမည်ကြီးဝတ္ထု The DaVinci Code ထဲမှာ ဖော်ပြထားပါတယ်။

၃။ ၁၄ရာစုလောက်ကစတင်ပြီး Friday the 13th ကို ကံဆိုးခြင်းနေ့အဖြစ် သတ်မှတ်ကြပါတယ်။

play


၎။ ၂၀ရာစုမှာတော့ Friday the 13th ကို ကံဆိုးခြင်းနေ့အဖြစ်သတ်မှတ်တဲ့ အကြောင်း စာရေးဆရာ Thomas W. Lawson ရေးသားတဲ့ ၀တ္ထုစာအုပ်ထွက်ခဲ့ပါတယ်။ ထူးခြားတာက စာရေးဆရာ Lawson နာမည်ကိုအစွဲပြုပြီး Lawson လို့နာမည်ပေးခဲ့တဲ့ သင်္ဘောကြီးဟာလည်း ၁၉၀၇ ခုနှစ် ၁၃ရက်နေ့ သောကြာနေ့မှာ မုန်တိုင်းမိကာ ပျက်စီးပြီး ဒုက္ခကြုံခဲ့ရတာပါ။

play


၅။ ဒါပေမဲ့ ဂရိမှာတော့ ၁၃ရက် အင်္ဂါနေ့ကို ကံမကောင်းဘူးလို့သတ်မှတ်ကြပြီး အီတလီမှာတော့ ၁၇ရက် သောကြာနေ့ကို ပိုထိတ်လန့်ကြောက်ရွံ့တဲ့ အစွဲမျိုးတွေ ရှိကြပါတယ်။

play


၆။ ၁၉၉၃ခုနှစ်မှာ တွေ့ရှိခဲ့တဲ့သုတေသနတွေအရ မတော်တဆမှုတွေဖြစ်ပြီး ဆေးရုံကိုရောက်ရှိခဲ့တဲ့လူနာတွေဟာ Friday the 13th မှာ သာမန်ထက် ၅၂% လောက် ပိုများလာလေ့ရှိတယ်လို့ ဖော်ပြပါတယ်။

play


၇။ ဂျာမနီသုတေသနတစ်ခုကတော့ Friday the 13th မှာ ဆေးရုံတွေကို တော်ရုံလူနာတွေ လာမတက်ရဲကြသလို၊ ဆေးရုံကလည်း ခွဲစိတ်ကုသမှုတွေ သိပ်လုပ်ပေးလေ့မရှိဘူးလို့ ဆိုပြန်ပါတယ်။

play


၈။ Donald Dossey, founder of the Stress Management Center and Phobia Institute ရဲ့ အဆိုအရ Friday the 13th ကြောင့် စီးပွားရေးဆိုင်ရာထိခိုက်မှုတွေပါရှိနေတယ်လို့ဆိုပါတယ်။ အမေရိကန်က စီးပွားရေးလုပ်ငန်းကြီး တော်တော်များများဟာ အဲ့ဒီ့နေ့အစွဲကြောင့် ဒေါ်လာပေါင်းသန်းနဲ့ချီပြီး နှစ်စဉ်နှစ်တိုင်း ဆုံးရှုံးနေရပါတယ်။

play


၉။ တနင်္ဂနွေနဲ့စတဲ့ လတိုင်းဟာ ၁၃ရက်နေ့ သောကြာနေ့ကြုံရလေ့ရှိပါတယ်။ ၁နှစ်မှာ ၁၃ရက်နေ့ သောကြာနေ့ ၃ကြိမ်လောက် ရှိတတ်ပါတယ်။

play


၁၀။ နာမည်ကြီးသူတွေဖြစ်တဲ့ Mary Kate and Ashley Olson, Julia Louis-Dreyfus နဲ့ Steve Buscemi တို့ဟာ Friday the 13th မှာ မွေးခဲ့ကြသူတွေပါ။

၁၁။ Friday the 13th ကြောက်တတ်တဲ့ရောဂါကို " paraskevidekatriaphobia " သို့ " friggatriskaidekaphobia " လို့ခေါ်ပါတယ်။

play


၁၂။ လူငယ်တွေဟာ လူကြီးတွေထက် Friday the 13th ကို ပိုကြောက်ကြပါတယ်။

play


၁၃။ တေလာဆွစ်ကတော့ Friday the 13th ကို လုံးဝမကြောက်တဲ့အပြင် ၁၃ဂဏန်းက သူမရဲ့ ကံကောင်းစေတဲ့ နံပါတ်လို့ဆိုပါတယ်။ သူမဟာ Friday the 13th မှာ အသက် ၁၃နှစ်ပြည့်ခဲ့သူပါ။

ှSource: TIME

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD