Lifestyle: Galaxy Note 7 ဖုန်းတွေမီးလောင်ပေါက်ကွဲတဲ့ ပြဿနာကြောင့် ဆမ်ဆောင်းကုမ္ပဏီရဲ့ ဆုံးရှုံးမှု ဒေါ်လာ ၂၅ ဘီလျံခန့်ရှိ

ကိုရီးယားထိပ်တန်း စမတ်ဖုန်းကုမ္ပဏီဆမ်ဆောင်းဟာ သူတို့ရဲ့အသစ်ထွက်ဖုန်းမော်ဒယ် Galaxy Note 7 ဖုန်းတွေမှာ အပူလွန်ကဲတာနဲ့ မီးလောင်ပေါက်ကွဲတဲ့ပြဿနာတွေရှိနေတဲ့အတွက် ကမ္ဘာတဝန်းမှာရောင်းချထားခဲ့တဲ့ ယင်းဖုန်းတွေကို ပြန်လည်သိမ်းယူခဲ့ရတာကြောင့် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံခန့်အထိဆုံးရှုံးခဲ့ရပါတယ်။

 

play

 

ကိုရီးယားထိပ်တန်း စမတ်ဖုန်းကုမ္ပဏီဆမ်ဆောင်းဟာ သူတို့ရဲ့အသစ်ထွက်ဖုန်းမော်ဒယ် Galaxy Note 7 ဖုန်းတွေမှာ အပူလွန်ကဲတာနဲ့ မီးလောင်ပေါက်ကွဲတဲ့ပြဿနာတွေရှိနေတဲ့အတွက် ကမ္ဘာတဝန်းမှာရောင်းချထားခဲ့တဲ့ ယင်းဖုန်းတွေကို ပြန်လည်သိမ်းယူခဲ့ရတာကြောင့် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံခန့်အထိဆုံးရှုံးခဲ့ရပါတယ်။

ဆမ်ဆောင်း ကုမ္ပဏီရဲ့ရှယ်ယာဈေးနှုန်းဟာ ၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ခန့်အထိ နစ်နာခဲ့ရတာဖြစ်ပါတယ်။ ဆမ်ဆောင်းကုမ္ပဏီက သူတို့ရဲ့ Galaxy Note 7 ဖုန်းတွေကို ပြန်လည်သိမ်းဆည်းပြီး ငွေပြန်အမ်းပေးတာ၊ အသစ်တစ်လုံးနဲ့ပြန်လဲပေးတာတို့လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဘက်ထရီချို့ယွင်းချက်ပါဝင်သွားတဲ့ Galaxy Note 7 ဖုန်းတွေမှာ အဲဒီလို အပူလွန်ကဲတာနဲ့ မီးလောင်ပေါက်ကွဲတာတွေ ဖြစ်ပေါ်တာဖြစ်ပြီး အဲဒီလိုဖြစ်တဲ့ဖုန်းအလုံးရေက ၁ ရာခိုင်နှုန်းခန့်သာရှိပေမဲ့ ဘက်ထရီချို့ယွင်းချက်ရှိနေတဲ့ ဖုန်းတွေက ဘယ်နိုင်ငံ၊ ဘယ်ဒေသမှာရှိနေတယ်ဆိုတာ ဖော်ထုတ်ဖို့ မလွယ်ကူတော့တာကြောင့် အားလုံးကိုပြန်သိမ်းဖို့ ဆမ်ဆောင်း က ဆုံးဖြတ်ခဲ့တာပါ။

play

 

စက်တင်ဘာလ၊ ၂၁ ရက်နေ့မတိုင်ခင် ဝယ်ထားတဲ့ Galaxy Note 7 ဖုန်းအားလုံး ဆမ်ဆောင်းကုမ္ပဏီကို ပြန်လည်အပ်နှံရမှာဖြစ်ပြီး အသစ်ပြန်လည်ထုတ်လုပ်သွားမယ့် Galaxy Note 7 ဖုန်းတွေကို Safe ဆိုတဲ့စာလုံးပါဝင်တဲ့ ပါကင်နဲ့ထုပ်ပိုးထားတာ မြင်တွေ့ရမယ်လို့ ဆမ်ဆောင်းက ပြောထားပါတယ်။

ဆမ်ဆောင်းမတိုင်မီက Xiomi ဖုန်းမော်ဒယ်လ်တွေဖြစ်တဲ့ Mi5 Max၊ Mi4i နဲ့ Mi 4 C တို့ရဲ့ ဖုန်းအချို့မှာ အားသွင်းနေစဉ် အပူလွန်ကဲပြီးမီးလောင်တာမျိုးဖြစ်ပွားကြောင်း သတင်းတွေထွက်ပေါ်ခဲ့ဖူးပြီး အဲဒီသတင်းတွေနဲ့ ပတ်သက်လို့ Xiomi ကုမ္ပဏီက ဖြေရှင်းချက်တွေပြန်လည်ထုတ်ပေးနေရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ