Lifestyle: ကြင်စဦးဇနီးမောင်နှံတွေ ဘဝသာယာချမ်းမြေ့မယ့် မင်္ဂလာဦးဘဏ်အပ်ငွေစာရင်းနဲ့ မင်္ဂလာပွဲလက်ဖွဲ့ပေးဖို့ တင့်တယ်တဲ့ Gift Cheque အကြောင်း

, updated

ကြင်စဦးဇနီးမောင်နှံတွေအနေနဲ့ မင်္ဂလာဦးအပ်ငွေ စာရင်းထားရှိခြင်းဖြင့် ကိုယ့်ရဲ့မင်္ဂလာဦးစုဆောင်းငွေတွေကို လုံခြုံ စိတ်ချစွာ စုဆောင်းသိမ်းဆည်းပြီး ဖြစ်သွားမှာဖြစ်သလို တစ်ဖက်တစ်လမ်းကနေလည်း ဝင်ငွေတိုးပွားရရှိနိုင်မှာ ပဲဖြစ်ပါတယ်။ မင်္ဂလာဦးအပ်ငွေစာရင်းဟာ ဘဏ်ဝန်ဆောင်မှုတွေထဲက အထူးဝန်ဆောင်မှုတစ်ခုဖြစ်ပြီး အတိုး ၁၀ ရာခိုင်နှုန်း အထိခံစားခွင့်ရရှိမယ့် ကာလတို(တစ်နှစ်ထားရှိရမည်) အပ်ငွေအမျိုးအစားတစ်ခုဖြစ်ပါတယ်။

 

 

ဝါလကင်းလွတ်သတင်းကျွတ်မှာ လက်ထပ်ထိမ်းမြားကြမယ့် ကြင်စဦးဇနီးမောင်နှံတွေ ဘဝသာယာချမ်းမြေ့အောင် ကူညီပေးနိုင်တဲ့ မင်္ဂလာဦးဘဏ်အပ်ငွေစာရင်းနဲ့ မင်္ဂလာပွဲတွေကိုတက်ရောက်တဲ့အခါ မင်္ဂလာလက်ဖွဲ့ပေးဖို့ ဂုဏ်သရေရှိတင့်တယ်တဲ့ Gift Cheque အကြောင်းပြောပြချင်ပါတယ်။

ကြင်စဦးဇနီးမောင်နှံတွေအနေနဲ့ မင်္ဂလာဦးအပ်ငွေ စာရင်းထားရှိခြင်းဖြင့် ကိုယ့်ရဲ့မင်္ဂလာဦးစုဆောင်းငွေတွေကို လုံခြုံ စိတ်ချစွာ စုဆောင်းသိမ်းဆည်းပြီး ဖြစ်သွားမှာဖြစ်သလို တစ်ဖက်တစ်လမ်းကနေလည်း ဝင်ငွေတိုးပွားရရှိနိုင်မှာ ပဲဖြစ်ပါတယ်။ မင်္ဂလာဦးအပ်ငွေစာရင်းဟာ ဘဏ်ဝန်ဆောင်မှုတွေထဲက အထူးဝန်ဆောင်မှုတစ်ခုဖြစ်ပြီး အတိုး ၁၀ ရာခိုင်နှုန်း အထိခံစားခွင့်ရရှိမယ့် ကာလတို(တစ်နှစ်ထားရှိရမည်) အပ်ငွေအမျိုးအစားတစ်ခုဖြစ်ပါတယ်။

CB ဘဏ်က ဝန်ဆောင်မှုပေးနေတဲ့ မင်္ဂလာဦးအပ်ငွေစာရင်းကို စုဆောင်းထားရှိမယ်ဆိုရင် အနည်းဆုံး ကျပ်ဆယ်သိန်းက စတင်စုဆောင်းနိုင်ပြီး အပ်နှံတဲ့ငွေပမာဏအလိုက်အတိုးနှုန်းခံစားရမယ့်အပြင် CB ဘဏ်ကဂုဏ်ပြုချီးမြှင့်မယ့် မင်္ဂလာလက်ဖွဲ့ငွေကိုလည်း ခံစားရရှိဦးမှာဖြစ်ပါတယ်။ မင်္ဂလာဦးအပ်ငွေစာရင်းဖွင့်တဲ့ ကြင်စဦးဇနီးမောင်နှံတွေကို CB ဘဏ်ကနေပြီးတော့ အနည်းဆုံး ကျပ်နှစ်သောင်းကနေ အများဆုံးကျပ်တစ်သိန်းအထိ ဂုဏ်ပြုမင်္ဂလာလက်ဖွဲ့ငွေတွေ ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။

ကြင်စဦးဇနီးမောင်နှံတွေအတွက် အကျိုးရှိမယ့် မင်္ဂလာဦးအပ်ငွေအကြောင်း ပြောပြပြီးတဲ့နောက်မှာ ဝါလကင်းလွတ်မှာ ထိမ်းမြားလက်ထပ်ကြမယ့် ဇနီးမောင်နှံတွေရဲ့ မင်္ဂလာပွဲကိုတက်ရောက်ချီးမြှင့်ကြမယ့်သူတွေအတွက် ဂုဏ်သိက္ခာရှိရှိနဲ့ မင်္ဂလာလက်ဖွဲ့ပေးလို့ရမယ့် Gift Cheque အကြောင်းပြောပြချင်ပါသေးတယ်။

Gift Cheque ဟာဆိုရင် မင်္ဂလာလက်ဖွဲ့အနေနဲ့သာမကဘဲ လူကြီးမိဘ၊ ဆရာသမား တွေကို ဂါရဝပြုကန်တော့ဖို့၊ လူကြီး မိဘ၊ ဆရာသမားတွေဆိုရင်လည်း ကိုယ့်ရဲ့ သား၊သမီး၊မြေး၊မြစ်၊ တပည့်တွေကို ကန်တော့လက်ဆောင်အဖြစ်ပြန် ပေးဖို့လည်း သင့်လျော်တင့်တယ်တဲ့ Cheque အမျိုးအစားပဲ ဖြစ်ပါတယ်။

CB ဘဏ်ရဲ့ Gift Cheque ဟာဆိုရင် အသုံးပြုရအဆင်ပြေလွယ်ကူပြီး ငွေသားလက်ဆောင်ပေးခြင်းကို ဂုဏ်သိက္ခာရှိရှိ ပေးအပ်လို့ရမယ့် Cheque ပဲဖြစ်ပါတယ်။ CB ဘဏ်ကနေ ဂုဏ်ပြုလက်ဆောင်ချက်လက်မှတ်၊ မင်္ဂလာဦးလက်ဆောင် ချက်လက်မှတ်၊ မွေးနေ့လက်ဆောင် ချက်လက်မှတ် နဲ့ ATM ကတ်လက်ဆောင်ချက်လက်မှတ်ဆိုပြီး Gift Cheque အမျိုးမျိုးကို စီစဉ်ပေးထားတာကြောင့် စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ CB ဘဏ်ရဲ့ Gift Cheque တွေ ကို အနည်းဆုံးကျပ် ၅၀၀၀ ကနေ ပမာဏအကန့်အသတ်မရှိ ထည့်သွင်းနိုင်ပြီး ဝန်ဆောင်ခအနေနဲ့ တစ်စောင်ကို ကျပ် ၂၀၀ သာ CB ဘဏ်ကို ပေးသွင်းရမှာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များထပ်မံသိရှိလိုပါက CB Bank ရဲ့ website - http://www.cbbank.com.mm/ နဲ့ Official Facebook page - https://www.facebook.com/CBBankmyanmar/?fref=ts တို့မှာ ၀င်ရောက်ကြည်ရှု့နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ