Lifestyle: သင်သဘောကျသွားစေမယ့် Google Pixel စမတ်ဖုန်းရဲ့ အားသာချက် (၅) ခု

မကြာသေးခင်က ထွက်လားတဲ့ Google Pixel စမတ်ဖုန်းဟာ ဈေးနှုန်းလည်း အခြားအဆင့်မြင့် စမတ်ဖုန်းတွေနဲ့ နှိုင်းယှဉ်ရင် သက်သာနေပါသေးတယ်။

 

မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ နည်းပညာကုမ္ပဏီ Google ဟာ နောက်ဆုံး Pixel စမတ်ဖုန်းမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Samsung နောက်ဆုံးထွက် Note 7 ကပြဿနာအချို့ရှိနေချိန်မှာ Apple ရဲ့ iPhone 7 ဟာလည်း ဈေးနှုးန်မြင့်မားနေပြန်ပါတယ်။

ဒီအချိန်မှာ စမတ်ဖုန်းကောင်းကောင်း ကိုင်ချင်သူတွေအတွက် နောက်ဆုံးထွက်လာတဲ့ Google Pixel XL ဖုန်းကို ဝယ်သင့်တဲ့ အကြောင်းပြချက် (၅) ရှိပါတယ်။ Pixel နဲ့  Pixel XL ဆိုပြီးနှစ်မျိုးရှိပါတယ်။

၁။ ကင်မရာ

 

Google Pixel စမတ်ဖုန်းမှာ အထူးခြားဆုံးကတော့ ကင်မရာဖြစ်ပါတယ်။ 12.3 MP ပါဝင်တဲ့ ကင်မရာဟာ Google ထုတ်ခဲ့သမျှထဲမှာ အကောင်းဆုံးကင်မရာဖြစ်ပါတယ်။ DxOMark ရဲ့ အဆင့်သတ်မှတ်ချက်ဟာ Google Pixel ကင်မရာဟာ စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ ဆိုပါတယ်။ ဗီဒီယို ရိုက်ကူးရင်လည်း အလင်းအမှောင်တည်ငြိမ်ပြီး ဆူညံသံတွေကို လျှော့ချပေးပါတယ်။

၂။ Google Assistant

 

ဒါကလည်း iPhone ရဲ့ Siri ကို အကောင်းဆုံးယှဉ်ပြိုင်နိုင်တဲ့ အားသာချက်ပါ။ Google Assistant ဟာ သင်သိလိုသမျှကို မေးမြန်းနိုင်ပါတယ်။ အခုရောက်နေတဲ့ နေရာနဲ့ အနီးဆုံးမှာ ဘယ်စားသောက်ဆိုင်ရှိသလဲလို့ မေးလိုက်ရင် အနီးဆုံးစားသောက်ဆုံးကို ညွှန်ပြပေးနိုင်သလို မြေပုံလည်း ထုတ်ပေးနိုင်ပါတယ်။ တစ်ခါတည်း အဲဒီစားသောက်ဆိုင်ကို ဖုန်းခေါ်ပေးပါလို့တောင် ညွှန်ကြားနိုင်တဲ့ ဆော့ဖ်ဝဲမျိုး ပါဝင်ပါတယ်။

၃။ အကန့်အသတ်မရှိ သိုလှောင်သိမ်းဆည်းနိုင်မှု

 

ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို အကန့်အသတ်မရှိ သိုလှောင်နိုင်ပါတယ်။ ဖုန်းမှတ်ဥာဏ်ထဲမှာတော့ ဝင်ဆံ့သလောက်ပဲ ဖြစ်ပေမယ့် ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို Google Drive ထဲမှာ အကန့်အသတ်မရှိ သိမ်းထားနိုင်မှာဖြစ်ပါတယ်။ မူရင်းကွာလာတီအတိုင်း သိမ်းထားနိုင်မှာပါပ။

၎။ ဘက်ထရီအမြန်သွင်းခြင်း

 

အားသာချက်ကတော့ ဘက်ထရီကို ၁၅ မိနစ်လောက်သွင်းရုံနဲ့ ၇ နာရီသုံးစွဲနိုင်တဲ့စွမ်းရည်ပါရှိတာပဲ ဖြစ်ပါတယ်။ ဘက်ထရီအကုန်မြန်မလား ဆိုတာကိုတော့ မသိရသေးပါဘူး။

၅။ Snapdragon 821

 

မိုက်ခရိုချပ်စ်တွေထုတ်လုပ်တဲ့  Qualcomm ကုမ္ပဏီရဲ့ 821 ချပ်စ်ကို သုံးစွဲထားပါတယ်။ ဒါကိုသုံးစွဲတာ Google Pixel က ပထမဆုံးပါ။ လျှင်မြန်သွက်လက်မှုမှာ အကောင်းဆုံးဖြစ်လာမယ်လို့ ဆိုပါတယ်။

Source : Forbes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ