Lifestyle: ဝတဲ့လူတွေ Gym သွားတဲ့အခါ မပြောသင့်တဲ့စကား (၅) ခွန်း

လူတစ်ယောက်ရဲ့ကျန်းမာရေးကို အမြင်နဲ့တင် မဆုံးဖြတ်သင့်ပါဘူး။

play

 

Gym မှာ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ပိန်တဲ့လူရော ဝတဲ့လူရော လုပ်ကြတာပဲမဟုတ်လား။ ကိုယ်အလေးချိန်က ရှိသင့်တာထက်ပိုနေရင် ပိန်ဆေးတွေသောက်တာထက် လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်ချတာက အမှန်ကန်ဆုံး နည်းလမ်းပါပဲ။ ဝတဲ့လူတွေ Gym သွားပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒီလိုစကားတွေ မေးလေ့၊ ပြောလေ့ရှိကြပါတယ်။ တကယ်တမ်းမှာတော့ သူတို့က အဲ့ဒီစကားတွေကို စိတ်ပျက်ကြတာမို့ မပြောမိဖို့ လိုပါတယ်။

၁။ ဒီလိုလုပ်တာ အရမ်းကောင်းတာပဲ

Gym သွားရင် ကျန်းမာရေးကောင်းပြီး ကိုယ်ခန္ဓာကျစ်လျစ်လာမယ်ဆိုတာ သိတာပေါ့။ ဒါပေမဲ့ ခုလိုလာပြောတော့မှပဲ ကိုယ့်ခန္ဓာကိုယ်က အဝလွန်နေတာကို သွယ်ဝိုက်ပြောချလိုက်သလိုပါပဲ။

play

 

၂။ အဆင်ပြေရဲ့လား၊ သေချာရဲ့လား

စိတ်ဆုံးဖြတ်ပြီးမှ အပင်ပန်းခံပြီး လာလေ့ကျင့်ပါတယ်ဆိုမှ လုပ်နိုင်ရဲ့လား၊ အဆင်ပြေရဲ့လားဆိုတော့ လှောင်ပြောင်နေတယ်လို့ ခံစားမိပါတယ်။

၃။ တော်တော်ကြိုးစားတာပဲ

ဟုတ်ပါတယ်.. တော်တော်ဝနေလို့ တော်တော်ကြိုးစားရတာပါ။ ဒါကို လာပြောနေဖို့ မလိုပါဘူး။ သူများထက်ဝနေလို့ သူများထက်ပိုပြီး လေ့ကျင့်ရမယ်ဆိုတာ သိပါတယ်။

play

 

၎။ ထင်တောင် မထင်ထားဘူး

" Gym မှာ တွေ့မယ်လို့ မထင်ထားဘူး " ဆိုတော့ လူတစ်ယောက်မှာ ကိုယ့်ရဲ့ကိုယ်ခန္ဓာ လှပအောင်ကစားခွင့် မရှိတော့ဘူးလား။ ဝတဲ့သူပဲဖြစ်ဖြစ် ပိန်တဲ့လူပဲဖြစ်ဖြစ် ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်ကြိုးစားလေ့ကျင့်လို့ရတာပဲလေ။

၅။ ဒါကို မလုပ်သင့်ဘူး

"ဟိုစက်နဲ့ ဆော့စရာမလိုဘူး၊ ဒီလိုလေ့ကျင့်စရာမလိုဘူး" ဆိုပြီး အကြံမပေးပါနဲ့။ Gym မှာ သင်တန်းဆရာကိုပဲ ယုံပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ ပိန်အောင်လုပ်ရမယ့်နေရာတွေကို ကိုယ်နဲ့ သင်တန်းနည်းပြက အသိဆုံးမို့လို့ အကြံပေးသလိုလိုနဲ့ မဝေဖန်ပါနဲ့လား။

Source : Women Health

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ