AD
AD
AD

ကိုယ့်ရဲ့ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်လှပမှုအတွက် လေ့ကျင့်တော့မယ်လို့ဆုံးဖြတ်ပြီး Gym ကိုသွားခါစရက်တွေမှာ တက်တက်ကြွကြွရှိတတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပျင်းရိမှုကသင့်ကို Gym မသွားဖြစ်အောင် နှောက်ယှက်လာ တော့မှာပါ။ ဒါကြောင့်ပျင်းရိမှုနဲ့တခြားအနှောက်အယှက်တွေကိုကျော်လွှားပြီး Gym ကိုမှန်မှန်သွားဖြစ်ဖို့အတွက် သင့်ကို စိတ်ဓါတ်တက်ကြွအောင်လှုံ့ဆော်ပေးနိုင်မယ့် အရာတွေရဲ့အကူအညီကိုယူဖို့လိုပါတယ်။ အဲဒီလိုသင့်ကို Gym မှန်မှန်သွား ဖြစ်အောင်လှုံ့ဆော်ပေးနိုင်မယ့်အရာတွေကတော့ အောက်ပါအတိုင်းပါပဲ။

(၁) သင့်စိတ်ကြိုက် Gym ဝတ်စုံအသစ်

play

 

ငယ်ငယ်တုန်းက ကိုယ့်အကြိုက် ကျောင်းဝတ်စုံအသစ်လေးတစ်စုံလောက်အိမ်ကဝယ်ပေးလိုက်ရင် နောက်နေ့ဆို ကျောင်းသွား ချင်နေတတ်တာသတိရကြဦးမယ်ထင်ပါတယ်။ အသက်တွေကြီးလာလို့ကလေးလေးမဟုတ်တော့ပေမယ့် လူ့သဘာဝအရ ဒီလိုချစ်စရာကောင်းတဲ့စိတ်ကလေးကရှိနေတုန်းပါ။ ဒါကြောင့် Gym သွားရမှာပျင်းလာပြီဆိုရင် Gym ကစားဖို့ သင့်စိတ်ကြိုက် ဝတ်စုံအသစ်လေးတစ်စုံလောက်ဝယ်လိုက်ရင် နောက်ရက်တွေမှာ Gym သွားဖို့စိတ်ဓါတ်ပြန် တက်ကြွလာမှာပဲ ဖြစ်ပါတယ်။

(၂) စိတ်တူ၊ကိုယ်တူ သူငယ်ချင်း

play

 

Gym ကစားတဲ့အခါ တစ်ယောက်တည်းမကစားဘဲ သင့်လိုပဲလေ့ကျင့်ခန်းလုပ်ဖို့စိတ်အားထက်သန်တဲ့သူငယ်ချင်း တစ်ယောက်နဲ့အတူလုပ်သင့်ပါတယ်။ ဒါဆိုရင်သင်က Gym သွားဖို့ပျင်းနေရင်တောင့် သင့်သူငယ်ချင်းက သင့်ကို Gym မှန်မှန်သွားဖို့တိုက်တွန်းပေးနိုင်သလို၊ သင်ကိုယ်တိုင်လည်း အဖော်ရှိတဲ့အတွက် ပိုပြီးစိတ်ပါလက်ပါရှိမှာပါ။

(၃) သင့်အကြိုက်သီချင်းတွေ

play

 

Gym မှာလေ့ကျင့်နေတဲ့အချိန်မှာ သင့်စိတ်ကြိုက်သီချင်းတွေကို Playlist လုပ်ထားပြီး နားကြပ်နဲ့နားထောင်တာဟာလည်း သင့်ရဲ့စိတ်ကို တက်တက်ကြွကြွရှိစေမှာပါ။ ဒါကြောင့် သင့်ဖုန်းထဲမှာသင့်အကြိုက်သီချင်းတွေကို စုဆောင်းပြီး Playlist ကောင်းကောင်းလုပ်ထားပါ။ အဲဒီ Playlist ကိုလည်းအခါအားလျော်စွာ သီချင်းအသစ်တွေထည့်တာ၊ ငြီးငွေ့သွားတဲ့သီချင်း အဟောင်းတွေဖယ်ပစ်တာမျိုးလုပ်ပေးပါ။

(၄) တိုးတက်ပြောင်းလဲလာတဲ့သင့်ခန္ဓာကိုယ်အချိုးအစား

play

 

သင့်ရဲ့ ပြောင်းလဲလာတဲ့ခန္ဓာကိုယ်အချိုးအစားကလည်း သင့်ကို Gym သွားချင်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ Gym သွားဖို့ ပျင်းနေတဲ့နေ့တွေမှာ သင့်ကိုယ်သင်မှန်ထဲမှာပြန်ကြည့်ပြီး အရင်ထက်ကြည့်ကောင်းပြီး ကြံ့ခိုင်လာတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးလိုက်ရင် ချက်ချင်း Gym သွားဖို့အတွက် ပြန်တက်ကြွလာမှာပဲ ဖြစ်ပါတယ်။

ယခုဆောင်းပါးအား Training Ground The Premier Fitness Club က ကူညီပံ့ပိုးပေးထားပါသည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD