AD
AD
AD
play

 

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့အချိန်ဟာ ဘဝအတွက်အရေးပါတဲ့အချိန်အခိုက်အတံ့တစ်ခုပါပဲ။ ဒီအချိန်မှာ ရှေ့ရေးအတွက် ကိုယ်ဝါသနာပါတဲ့သင်တန်းတွေတက်တာအပါအဝင် ကြိုတင်ပြင်ဆင်မှုတွေလုပ်ရတော့မှာဖြစ်သလို အရွယ်ကောင်းမှာ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်အချိုးအစားမျိုးရရှိအောင်လည်း လေ့ကျင့်ပြင်ဆင်ထားသင့်ပါတယ်။

ဒီအတွက် ရန်ကုန်မြို့ရဲ့ကမ္ဘာ့အဆင့်မီ Gym တစ်ခုဖြစ်တဲ့ Training Ground The Premier Fitness Club မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့သူတွေကို ဂုဏ်ပြုတဲ့အထူးအစီအစဉ်တစ်ခုရှိနေကြောင်း သတင်းကောင်းပါချင် ပါတယ်။

အဲဒီအထူးအစီအစဉ်ကတော့ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့သူတွေအနေနဲ့ ကျောင်းသားကဒ်ပြလိုက် ရုံနဲ့ Training Ground ဘယ် Membership ကိုပဲဝယ်ဝယ် ၅၀ ရာခိုင်နှုန်းအထိ Discount ရမယ့်အစီအစဉ်ပါ။

ဒါ့အပြင် ကျောင်းသားမိဘတွေကိုလည်း ကိုယ့်ရဲ့ သား၊သမီးတွေနဲ့အတူလိုက်ပါလေ့ကျင့်ချင်ရင် Training Ground ရဲ့ ၆ လ နဲ့ ၁ နှစ် Membership Package အတွက် ၃၀ ရာခိုင်နှုန်း Discount ပေးနေပါသေးတယ်။

တက္ကသိုလ်ဝင်တန်းပြီးခါစအရွယ်ဆိုတာ စိတ်ပိုင်းအရရော၊ရုပ်ပိုင်းအရပါ လေ့ကျင့်ပုံသွင်းဖို့အကောင်းဆုံးအရွယ်ဖြစ်တာ ကြောင့် Training Ground ရဲ့နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ Trainer တွေနဲ့စနစ်တကျလေ့ကျင့်မယ်ဆိုရင် တစ်သက်လုံးအတွက် ကျန်းမာကြံ့ခိုင်ပြီး လှပတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်ဖို့အရေးမှာ အများကြီးအထောက်အကူဖြစ်မှာ အသေအချာပါပဲ။

Training Ground မှာ နိုင်ငံတကာအဆင့် Trainer တွေရှိရုံတင်မကဘဲ လေ့ကျင့်ရေးစက်တွေကိုလည်း Hammer Strength နဲ့ Life Fitness စက်တွေကိုချည်းပဲအသုံးပြုထားတာကိုတွေ့ရမှာပါ။ ဒါ့အပြင် ကျယ်ဝန်းလုံခြုံပြီး အဆင့်မြင့်နည်းပညာတွေနဲ့အဝတ်လဲခန်း၊ ကျယ်ဝန်းတဲ့ကားပါကင်၊EV Professional အသံစနစ်နဲ့ မြူးကြွတဲ့ဂီတသံစဉ်တွေလည်းရှိတာကြောင့် ရန်ကုန်မြို့ရဲ့ ရှားရှားပါးပါး ကမ္ဘာ့အဆင့် Gym တွေထဲကတစ်ခုလို့ ညွှန်းရတာပါ။

Training Ground ရဲ့လိပ်စာကတော့ Urban Asia Center ၊ No.10(H) ၊ ၄၈ လမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို ဖုန်းနံပါတ် - 09458887575, 09458887272 ကိုဆက်သွယ်ပြီးဖြစ်စေ၊  marketing@tgroundmm.com နှင့် sales@tg.com.mm ကို email ပေးပို့ပြီးဖြစ်စေ ဆက်သွယ်စုံစမ်းလို့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD