Health: ဟင်းသီးဟင်းရွက်ဆီနဲ့ ချက်ပြုတ်ခြင်းကြောင့် ကင်ဆာနဲ့ဆီးချို ဖြစ်ပွားနိုင်

ချက်ပြုတ်စားသောက်ဖို့ အကောင်းဆုံးကတော့ သံလွင်ဆီပါ။

play

 

နှလုံးသွေးကြောဆိုင်ရာပညာရှင် ဒေါက်တာ အဆင်းမ်မယ်လ်ဟိုထရာက ဟင်းသီးဟင်းရွက်ဆီတွေရဲ့ အန္တရာယ်ကို ထုတ်ဖော်ပြောကြားပြီး သတိပေးလိုက်ပါတယ်။

ဟင်းသီးဟင်းရွက်ဆီတွေနဲ့ ချက်ပြုတ်ခြင်းကြောင့် နှလုံးရော၊ အမှတ် ၂ အမျိုးအစား ဆီးချိုအပြင် ကင်ဆာရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်တယ်လို့ သူက ဆိုပါတယ်။ ဟင်းသီးဟင်းရွက်ဆီတွေဟာ အပူနဲ့ထိတွေ့တဲ့အခါ ဓာတုဒြပ်ပေါင်းတစ်မျိုး ထွက်လာပြီး လူကိုအန္တရာယ်ဖြစ်စေတာပါ။

play

 

နေကြာဆီ၊ ပြောင်းဆီနဲ့ ဟင်းသီးဟင်းရွက်ဆီတွေဟာ အပူချိန်ပြင်းပြင်းအောက်မှာ အထားမခံပါဘူး။ အယ်လ်ဒီဟိုက်လို့ခေါ်တဲ့ ဒြပ်တစ်မျိုး ပေါ်ထွက်လာပြီးနောက် လူကိုဘေးဖြစ်စေတယ်လို့ ဒေါက်တာအဆင်းမ်က သတိပေးထားပါတယ်။ အပူရှိန်ပြင်းပြင်းနဲ့ ချက်ပြုတ်ခြင်းက နှလုံးရောဂါနဲ့ ကင်ဆာကို ဖြစ်ပွားစေနိုင်တာကိုလည်း သတိထားသင့်ပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ