Health: လပြည့်ညတွေဟာ လူသားရဲ့စိတ်ကို တကယ်ပဲ သက်ရောက်မှုရှိလား

, updated

ကလေးပေါင်း ၅၈၁၂ ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

play

 

လပြည့်ညတွေဟာ လူရဲ့စိတ်နဲ့အပြုအမူတွေပေါ်သက်ရောက်မှုရှိတယ်ဆိုတဲ့ ယုံကြည်မှုမျိုး လူအချို့မှာ ရှိပါတယ်။ ဒီအချက်က မှန်ကန်ခြင်းရှိမရှိ သက်သေပြဖို့ သုတေသနအဖွဲ့တစ်ဖွဲ့ဟာ ကလေးတွေကို အဓိကထားပြီး လေ့လာခဲ့ပါတယ်။

play

 

Daily Mail ရဲ့ဖော်ပြချက်အရ  Eastern Ontario Research Institute ကနေ ကလေးပေါင်း ၅၈၁၂ ယောက်ရဲ့ အပြုအမူတွေနဲ့ အိပ်စက်ခြင်းပုံစံတွေကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ လေ့လာချိန်ဟာ ၂၈ လကြာမြင့်ခဲ့ပြီး လပြည့်၊ လဆန်းနဲ့ လလယ် ဆိုပြီး သုံးမျိုးခွဲလေ့လာခဲ့တာ ဖြစ်ပါတယ်။ လေ့လာချက်အရ လပြည့်ရက်ဟာ လဆန်းရက်နဲ့ နှိုင်းယှဉ်ရင် အိပ်ချိန် ၅ မိနစ်လျော့ကျသွားတာမျိုးရှိပြီး ကျန်တဲ့ထူးခြားမှုမျိုး မရှိဘူးလို့ သိရပါတယ်။

play

 

လူတွေရဲ့ အပြုအမူကို လဟာ လွှမ်းမိုးခြင်းမရှိဘူးလို့ ကျွန်တော်တို့ရဲ့ သုတေသနက အထောက်အထား ပြလိုက်တာပါလို့ သုတေသနကို ဦးဆောင်လေ့လာသူ ယွန်ဖိလစ်က ပြောကြားပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ