Health: ကလေးငါးယောက်မှာ တစ်ယောက်နှုန်း ဟင်းသီးဟင်းရွက်မစား

သင့်ရဲ့ကလေးတစ်ယောက်တည်း ဟင်းသီးဟင်းရွက်မကြိုက်တာ မဟုတ်ပါဘူး။

play

မိဘတွေ အမြဲတမ်းလိုလို ကြုံတွေ့ရတဲ့ဒုက္ခတစ်ခုက ကလေးငယ်ကို ဟင်းသီးဟင်းရွက် ကျွေးလို့မရတာပါပဲ။ ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ ဘရိုကိုလီတို့လိုမျိုးကို ကျွေးရင်တောင် ကလေးတွေက နှာခေါင်းပိတ်ပြီး ခေါင်းခါတတ်ကြပါတယ်။

play

 

သုတေသနတစ်ခုရဲ့ ဖော်ပြချက်အရ အသက် ၂နှစ်မှ ၅ နှစ်ကြား ကလေးငါးယောက်မှာ တစ်ယောက်နှုန်းက ဟင်းသီးဟင်းရွက်တွေကို တစ်ကြိမ်တစ်ခါလေးတောင်မှ မစားခဲ့ကြဖူးဘူးလို့ သိရပါတယ်။ ဒီလေ့လာမှုကို ဗြိတိန်က အာဟာရပညာရှင်တွေက ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

play

ကလေးငယ်တွေကို ကယ်လ်ဆီယံ၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေအပြင် အမျှင်ဓာတ်တွေ ပါဝင်အောင် ကျွေးမွေးမှသာ ဖွံ့ဖြိုးတိုးတက်မှာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ