Health: ဖခင်လောင်းတွေ လုံးဝ အရက်မသောက်သင့်

မိခင်လောင်းတွေရော၊ ဖခင်လောင်းတွေပါ အရက်ကိုရှောင်သင့်တယ်လို့ အကြံပြုထားပါတယ်။

play

 

မိခင်လောင်းတွေ အရက်သောက်သုံးခြင်းသာမက ဖခင်လောင်းတွေ အရက်သောက်သုံးခြင်းဟာလည်း မွေးဖွားလာမယ့် ကလေးငယ်တွေအတွက် ထိခိုက်မှု ရှိစေကြောင်း လေ့လာမှု အသစ်တစ်ရပ်က ဖော်ထုတ်လိုက်ပါတယ်။

အရင်ကတော့ မွေးဖွားလာမယ့် ကလေးငယ်အတွက် မိခင်လောင်းက အရက်သောက်သုံးရင်သာ ထိခိုက်မှု ရှိစေတယ်လို့ ယူဆထားကြတာပါ။ လေ့လာချက်အရ ဖခင်လောင်းတွေ အရက်သောက်သုံးခြင်းကြောင့် ကလေးငယ်ရဲ့ ဦးနှောက်စွမ်းရည်ကို သိသိသာသာ ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ဦးနှောက်ကစဥ့်ကလျား ဖြစ်တဲ့ အခြေအနေကို ကလေးငယ်တွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါမှမဟုတ် ကလေးငယ်ရဲ့ မျက်နှာကို ချွတ်ယွင်းမှု ဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။

play

 

မိခင်လောင်းတွေက ကိုယ်ဝန်ဆောင်ချိန်ကစပြီး ကလေးမွေးဖွားပြီးချိန်အထိသာ အရက်ကို ရှောင်ဖို့ လိုအပ်ပေမယ့် ဖခင်လောင်းတွေမှာတော့ ကလေးမယူခင် ဒီထက် ကာလာရှည်ရှည် အရက်ကို ပိုပြီးရှောင်ဖို့ လိုတယ်လို့ လေ့လာချက်က အကြံပြုပါတယ်။ အရက်ကြောင့် သန္ဓေသားကို ထိခိုက်ခဲ့မယ်ဆိုရင် ဦးနှောက်ပုံမှန်မဟုတ်ခြင်း၊ ဖွံ့ဖြိုးပုံ နှေးကွေးခြင်းနဲ့ ဆိုးရွားတဲ့ အကျင့်ဆိုးတွေဟာ ကလေးငယ်မှာ ပါလာတတ်ပါတယ်။

play

 

အယ်လ်ကိုဟောဓာတ်ဟာ အမျိုးသားရဲ့ မော်လီကျူးတွေကို အကျိုးသက်ရောက်စေပြီး အဲဒီသက်ရောက်မှုက သန္ဓေသားဖြစ်လာမယ့် သုတ်ပိုးကို အန္တရာယ်ပေးနိုင်တယ်လို့ ဂျော့ခ်ျတက္ကသိုလ်က ပါမောက္ခ ဂျိုအန်နာကစ်လင်စကာက ပြောပါတယ်။

Source :  Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ