Health: ကင်ဆာကို ရိုးရိုးလေးနဲ့ ကာကွယ်နိုင်မယ့် နည်း

သုတေသန ၁၂ ခုရဲ့ အချက်အလက်တွေကို ရယူပြီး ခန္ဓာကိုယ်လှုပ်ရှားမှု ရှိခြင်းနဲ့ ကင်ဆာရောဂါ ၂၆ မျိုးတို့ကို နှိုင်းယှဉ်လေ့လာ ခဲ့တာဖြစ်ပါတယ်။

play

 

ကင်ဆာရောဂါ တော်တော်များများကို ကာကွယ်နိုင်တဲ့ အရိုးရှင်းဆုံးနည်းလမ်းမှာ လမ်းမြန်မြန်သွက်သွက် လျှောက်တာလည်း ပါဝင်တယ်လို့ Daily Mail ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

play

 

 လမ်းလျှောက်တာ၊ စက်ဘီးစီးတာလိုမျိုး လှုပ်ရှားမှုများများရှိတာတွေဟာ ကင်ဆာရောဂါ တော်တော်များများကို ကာကွယ်နိုင်တယ်လို့ လူပေါင်း ၁.၄ သန်းကို လေ့လာခဲ့တဲ့ သုတေသနတစ်ခုက တွေ့ရှိထားတာ ဖြစ်ပါတယ်။ အသည်းကင်ဆာကို ၂၇ ရာခိုင်နှုန်း၊ အဆုပ်ကင်ဆာကို ၂၆ ရာခိုင်နှုန်း၊ ကျောက်ကပ်ကင်ဆာကို ၂၃ ရာခိုင်နှုန်းထိ ကာကွယ်နိုင်ပြီး အူမကြီးကင်ဆာကိုတော့ ၁၆ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဥရောပမှာ ၁၉၈၇ ကနေ ၂၀၀၄ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ သုတေသန ၁၂ ခုရဲ့ အချက်အလက်တွေကို ရယူပြီး ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ ကင်ဆာရောဂါ ၂၆ မျိုးတို့ကို နှိုင်းယှဉ်လေ့လာ ခဲ့တာဖြစ်ပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ