AD
AD
AD
play


လူ့ခန္ဓာကိုယ်ရဲ့ လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်အကျိတ် (Thyroid gland) က ခန္ဓာကိုယ် ဇီဝဖြစ်စဉ်ကို ထိန်းသိမ်းတဲ့ ဟော်မုန်းဓာတ်ကို ထုတ်လုပ်ပေးပါတယ်။ သိုင်းရွိုက်အကျိတ်မှ ဟော်မုန်းဓာတ် ထုတ်လုပ်မှု နည်းသွားတာ သို့မဟုတ် များသွားတာကို သိုင်းရွိုက်အကျိတ် လုပ်ဆောင်မှု ပုံမှန်မဟုတ်ခြင်းလို့ ခေါ်ဆိုပါတယ်။

play


သိုင်းရွိုက်အကျိတ် လုပ်ဆောင်မှု ပုံမှန်မဟုတ်ပါက လည်ပင်းကြီးလာနိုင်သလို အခြား နောက်တွဲ ကျန်းမာရေးပြဿနာများလည်း ခံစားရနိုင်ပါတယ်။ သိုင်းရွိုက်အကျိတ် လုပ်ဆောင်မှု ပုံမှန်မဟုတ်ခြင်းကို အမျိုးသမီးများနဲ့ သက်ကြီးရွယ်အိုတွေမှာ အများဆုံး ခံစားရပါတယ်။

play


အမျိုးသမီးများ လျစ်လျူရှုထားတတ်တဲ့ သိုင်းရွိုက်အကျိတ် လုပ်ဆောင်မှု ပုံမှန်မဟုတ်သော လက္ခဏာ (၁၂) ခုကို ဖော်ပြထားပါတယ်။ ဒီလို လက္ခဏာတွေ ခံစားနေရပြီဆိုပါက ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။

၁။ အိပ်ချိန်များလွန်းခြင်း
၂။ သွေပေါင်ချိန်မြင့်တက်ခြင်း
၃။ ကိုယ်အလေးချိန် အလျင်အမြန် တိုးလာခြင်း သို့မဟုတ် ကိုယ်အလေးချိန် လျှော့ချရန် ခက်ခဲခြင်း
၎။ ဆံပင်ကျွတ်ပြီး အသားအရည် ခြောက်သွေ့ခြင်း
၅။ ကြွက်သားနာကျင်ခြင်း
၆။ လိင်မှုကိစ္စ စိတ်မပါခြင်း
၇။ စိတ်ဓာတ်ကျခြင်း
၈။ စားချင်စိတ် တိုးလာခြင်း သို့မဟုတ် လျှာအရသာခံမှု ပြောင်းလာခြင်း
၉။ နှလုံးတလှပ်လှပ်ခုန်ခြင်း
၁၀။ လည်ပင်းနာခြင်း
၁၁။ ဝမ်းချုပ်ခြင်း
၁၂။ မေ့လျော့ခြင်း
Source & Photo: endocrineweb

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD