Health: ဗင်နီဇွဲလားက ကမ္ဘာ့အဆိုးရွားဆုံးဆေးရုံ

ညစ်ပတ်လွန်းတာကြောင့် ကလေး ၇ ဦးလောက် နေ့စဉ်သေဆုံးနေရပါတယ်။

play

 

New York Times သတင်းဌာနရဲ့ သတင်းထောက် Meredith Kohut ဟာ Anzoátegui ခရိုင်တွင်း၊ ဘာစီလိုနာမြို့က Luis Razetti ဆေးရုံကို သွားရောက်ပြီး ဓာတ်ပုံမှတ်တမ်းတင်ခဲ့တာပါ။ Kohut ရဲ့ ဓာတ်ပုံတွေအရ ဘာစီလိုနာဆေးရုံဟာ အတော်ကို ဆိုးဆိုးရွားရွားဖြစ်နေတာ တွေ့ရပါတယ်။

play

 

ဆေးရုံရဲ့ နေရာတိုင်းက ညစ်ပတ်လွန်းနေပြီး ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ဆေးရုံဝန်ထမ်းတွေကလည်း ပစ္စည်းကိရိယာနည်းပါးစွာနဲ့ လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။ ခွဲစိတ်ခန်းတွေကလည်း သွေးတွေနဲ့ ညစ်ပတ်ပေကျံနေပြီး လူနာတွေခမျာ ခွဲစိတ်ကုသဖို့ နာရီပေါင်းများစွာ စောင့်ဆိုင်းနေကြရပါတယ်။ သန့်ရှင်းရေးလုပ်ဖို့ ရေလုံလုံလောက်လောက်မရတာကြောင့် ခွဲစိတ်ကုတင်တွေကိုတောင် သန့်သန့်ပြန့်ပြန့်မထားနိုင်ဘူးလို့လည်း ဆေးရုံရဲ့တာဝန်ရှိသူက ပြောပါတယ်။

play

 

ဆေးရုံက ဓာတ်မှန်ရိုက်စက်၊ ကျောက်ကပ်ဆေးစက်ကလည်း အလုပ်မလုပ်တော့ပါဘူး။ ဆေးရုံမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လိုအပ်တဲ့ တစ်ခါသုံးစက္ကူ၊ ဆပ်ပြာကအစ ပြတ်လပ်နေတာပါ။

သူမ ဓာတ်ပုံသွားရိုက်တဲ့နေ့မှာပဲ ကလေးငယ် ၇ ဦး သေဆုံးသွားတာကို မျက်မြင်တွေ့ရှိခဲ့ရပေမယ့် ဒါဟာ ဆေးရုံမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ကိစ္စလို့လည်း ဆရာဝန်တစ်ဦးက ပြောပါတယ်။

play

 

ဧပြီလတုန်းကလည်း ဆေးရုံရဲ့ဒါရိုက်တာ အကွီလက်စ် မာတီနက်ဇ်ကို ဆေးဝါးနဲ့ ဆေးရုံသုံးပစ္စည်းတွေခိုးယူမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ လူနာရှင်တွေဟာ လူနာအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးတွေကိုတော့ မှောင်ခိုဈေးကွက်မှာသာ ဝယ်ယူနေကြရပါတယ်။

play

 

ဗင်နီဇွဲလားနိုင်ငံရဲ့ ဆေးရုံတွေဟာ နိုင်ငံစီးပွားရေးနိမ့်ဆင်းလာတာနဲ့အမျှ တစ်ဖြည်းဖြည်း ပိုမိုဆိုးရွားလာပြီး ဆေးရုံပေါ်က လူနာသေဆုံးမှုတွေကတော့ မြင့်တက်လာနေပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ