AD
AD
AD
play

 

အသစ်ချမှတ်လိုက်တဲ့ ဆေးလိပ်နဲ့ဆေးရွက်ကြီးဥပဒေတွေအရ ယူကေမှာ ပရုပ်အေး (menthol)ပါတဲ့ စီးကရက်တွေကို ပိတ်ပင်တော့မှာပါ။

" ပရုပ်အေးပါတဲ့စီးကရက်တွေကို ရှေ့လေးနှစ်ကျော်တာနဲ့ အပြီးအပိုင် ပိတ်ပင်တော့မှာပါ။ အတိအကျပြောရရင် ၂၀၂၀ ခုနှစ် မေလ ၂၀ ရက်စပြီး ပိတ်ပင်ပါမယ်" လို့ ASH (ဆေးလိပ်သောက်ခြင်းနဲ့ ကျန်းမာရေးလှုပ်ရှားမှုအဖွဲ့)အစည်းဘက်က ဆိုပါတယ်။ ပိတ်ပင်တဲ့အထဲမှာ ကိုယ်တိုင်လိပ်ပြီးသောက်တဲ့ ဆေးလိပ်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

play

 

ပရုတ်အေးပါဝင်တဲ့ စီးကရက်တွေဟာ ကလေးတွေသောက်သုံးဖို့ လွယ်ကူနေပြီး အဲ့ဒီကတစ်ဆင့် ရိုးရိုးစီးကရက်တွေကို သောက်သုံးလာနိုင်တာကြောင့် ခုလိုပိတ်ပင်ရတယ်လို့ ASH ရဲ့ အကြီးအကဲ  ဒီဘိုရာ့ အာနော့က ဆိုပါတယ်။ ယူကေမှာ ဆေးလိပ်နဲ့ဆေးရွက်ကြီးဥပဒေသစ်တွေကို ပြဌာန်းလိုက်ပြီး အဆိုပါဥပဒေတွေဟာ သောကြာနေ့ကစပြီး အသက်ဝင်တော့မှာဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD