Health: တစ်မိနစ်အတွင်း စိတ်ကြည်နည်း

လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ နည်းလေးတွေ ဖြစ်ပါတယ်။

play

 

အသက်ရှု

မျက်လုံးကို မှိတ်လိုက်ပါ။ ဖြည်းဖြည်းချင်း အသက်ဝဝရှုသွင်း ရှုထုတ်လုပ်လိုက်ပါ။ အသက် ဝဝ ရှုလိုက်ခြင်းဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်မှာ endorphins ဓာတ် တွေထွက်ပေါ်လာစေပါတယ်။ endorphins ဟာ အကောင်းမြင်တဲ့ ခံစားချက်တွေကို ဖြစ်ပေါ်စေပါတယ်။

သီချင်းဆို

play

 

သီချင်းကျယ်ကျယ်ဆိုလိုက်ပါ။ သီချင်းကျယ်ကျယ်ဆိုလိုက်တာဟာ စိတ်ညစ်ညူးနေမှုတွေကို ပြေလျော့သွားစေပါတယ်။ သီချင်းဆိုတာဟာ သွေးလည်ပတ်မှုကောင်းစေပြီး ခန္ဓာကိုယ်အတွက် အောက်ဆီဂျင်ထောက်ပံ့မှုကောင်း ရရှိစေပါတယ်။

ခုန်

play

 

ဒေါသထွက်တဲ့အခါ လူအချို့ဟာ ခြေထောက်ဆောင့်တာ၊ ခုန်ဆွခုန်ဆွ အမူအရာမျိုး ဖြစ်တာတွေ ရှိပါတယ်။ ဒါဟာ တင်းမာသွားတဲ့ သူတို့စိတ်ကို ပြေလျော့စေပါတယ်။ ခုန်ခြင်းဟာ serotonin ဓာတ်တွေကို ထုတ်လုပ်ပေးပြီး အဆိုပါဓာတ်ဟာ စိတ်တည်ငြိမ်စေတဲ့ ဟော်မုန်းတွေကို ဖြစ်ပွားစေပါတယ်။ ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင်ရရှိမှုကိုလည်း မြင့်တက်စေပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ