Health: ဘီယာကြောင့် ဗိုက်ပူလာခြင်း မဟုတ်

ဘီယာမှာ ဗိုက်ပူစေလောက်တဲ့ ကယ်လိုရီဓာတ်မပါရှိပါဘူး။

play

 

ဘီယာပုံမှန်သောက်သုံးသူတွေက သိပ်မကြာခင်မှာ ပုံမှန်ထက် ဗိုက်ပူလာပြီး ဘီယာဗိုက်ဖြစ်လာဆိုတာမျိုးဟာ တကယ်မဟုတ်ကြောင်း သုတေသီတွေက ဆိုထားပါတယ်။ အထူးသဖြင့် ဘီယာကြောင့် ဗိုက်ပူရတယ်ဆိုတာ မမှန်ကန်ဘူးလို့ လေ့လာချက်အသစ်တစ်ရပ်က ဖော်ပြလိုက်ပါတယ်။

play

 

ဘီယာမှာပါဝင်တဲ့ ကယ်လိုရီဓာတ်ဟာ ဝိုင်သို့မဟုတ် လိမ္မော်ဖျော်ရည်မှာပါဝင်တဲ့ ကယ်လိုရီပမာဏထက် လျော့နည်းလေ့ရှိတယ်လို့ ဆိုပါတယ်။ ယနေ့ ဘီယာသောက်သုံးလေ့ရှိတဲ့ အမျိုးသားတွေအများစုဟာ ဘီယာမှာ ကယ်လိုရီ အမှန်တကယ်ဘယ်လောက်ပါဝင်မှန်း မသိဘူးလို့ လေ့လာချက်က ဖော်ပြထားပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်က အစားအသောက်နဲ့ သိပ္ပံပါမောက္ခ ချားလ်ဘမ်းဖို့သ်က လေ့လာချက်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဘီယာကြောင့် ခန္ဓာကိုယ်မှာ ပိုမိုထူးကဲပြီး ဗိုက်ပူလာတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဘီယာပဲ ဖြစ်ဖြစ်၊ ဝိုင်ပဲ ဖြစ်ဖြစ်များများသောက်လေ ကယ်လိုရီများများစုမိလေ ဖြစ်တဲ့အတွက် ဗိုက်ပူလာမှာ သေချာကြောင်း ပါမောက္ခချးလ်ဘမ်းဖို့သ်က ပြောပါတယ်။ ဖြစ်နိုင်ချေရှိတာက ဘီယာဆို လူတွေပိုမိုသောက်သုံးတတ်ကြလို့ ဗိုက်ပူလွယ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Source : Time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ