AD
AD
AD
play

 

သာမာန်ကလေးငယ်တစ်ဦးရဲ့ ဦးခေါင်းထက် သုံးဆ ပိုကြီးမားတဲ့ ဦးခေါင်းတစ်လုံးကို ပိုင်ဆိုင်ထားရတာ ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်က နှစ်နှစ်သား ကလေးငယ်တစ်ဦးမှာ တကယ်ပဲ ဦးခေါင်းကြီးတစ်လုံးကို ပိုင်ဆိုင်ထားပါတယ်။

play

 

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း၊ ကျေးရွာတစ်ရွာမှာနေထိုင်တဲ့ မိသားစုတစ်စုရဲ့ရင်သွေးငယ် အီမွန်ရဲ့ ဦးခေါင်းဟာ အရည်တွေနဲ့ပြည့်နေပြီး အလေးချိန် ပေါင် ၂၀ ရှိပါတယ်။ ဒါဟာ အသက် ၁ နှစ်သား ကလေးတစ်ဦးရဲ့ ပျမ်းမျှကိုယ်အလေးချိန်နဲ့ ထပ်တူပါပဲ။ အီမွန်ကိုမွေးဖွားစဉ်က C-Section နဲ့ မွေးခဲ့ရတာဖြစ်ပြီး သာမာန်ထက် အနည်းငယ်ပဲ ပိုကြီးခဲ့တာပါ။ တဖြည်းဖြည်းနဲ့ အရည်တည်လာတဲ့ အီမွန်ရဲ့ဦးခေါင်းဟာ အသက် ၂ နှစ်ရောက်ချိန်မှာတော့ ပေါင် ၂၀ အထိ ဖြစ်လာခဲ့ပါတယ်။

play

 

ဒီလို လေးလံကြီးမားတဲ့ ခေါင်းကြောင့်ပဲ သူ့ခမျာ လမ်းလည်းမလျှောက်နိုင်၊ စကားလည်းမပြောနိုင်လို့ မိဘတွေကပဲ အစအဆုံး လိုက်လံလုပ်ဆောင်ပေးနေရပါတယ်။ သူ့ရဲ့ဦးခေါင်းကြီးကြောင့် ဦးနှောက်နဲ့ကျောရိုးကိုပါ ထိခိုက်နေပြီး အသက်အန္တရာယ်လည်း စိုးရိမ်ရပေမယ့် နွမ်းပါးလွန်းတဲ့ မိဘတွေခမျာ သားငယ်ကို ဆေးကုပေးဖို့ရာ မတတ်နိုင်ကြပါဘူး။ ဆေးဝါးထွန်းကားတဲ့ ပြည်ပကိုသွားရောက်ကုသမှသာ အသက်ရှင်နိုင်မယ့် အီမွန်လေးအတွက် အလှူရှင်ကိုသာ စောင့်မျှော်နေကြရပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD