AD
AD
AD
play


လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရတဲ့ ကိုယ်ဝန်ဆောင်တွေမှာ ကလေးအသေမွေးနိုင်ခဲ့ အခြေအနေ ပိုဖြစ်နိုင်ကြောင်း မေလ ၂၅ ရက်က ထုတ်ပြန်တဲ့ သုတေသနရလဒ်တစ်ခုက ဖော်ပြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ တတိယသုံးလအတွင်းမှာ လေထုညစ်ညမ်းမှု တွေ့ကြုံရခြင်းကြောင့် ကလေးအသေမွေးမှု ပိုဖြစ်နိုင်ကြောင်းလည်း သုတေသနရလဒ်က ဆိုပါတယ်။

play


၂၀၁၅ ခုနှစ် စာရင်းများအရ ကမ္ဘာတစ်ဝန်း ကလေးမွေးဖွားမှု ၁၀၀၀ မှာ ၁၈.၄ ဦးနှုန်း အသေမွေးဖွားခဲ့ကြောင်း သိရပါတယ်။ ဒတ်ခ်ျ သုတေသီတွေရဲ့ လေ့လာမှု ၁၃ ခုအရ မော်တော်ကားများမှ ထုတ်လွှတ်တဲ့ မီးခိုးငွေ့အပါအဝင် လေထုညစ်ညမ်းမှုနဲ့ ကလေးအသေမွေးဖွားမှု ဆက်နွယ်နေကြောင်း အလွန်ခိုင်မာစွာ တွေ့ရှိခဲ့ရပါတယ်။

play


ကိုပင်ဟေဂင်တက္ကသိုလ်မှ ပညာရှင်များရဲ့ သုတေသနအရ အနည်းငယ်မျှ လေထုညစ်ညမ်းမှုဖြစ်တဲ့ 4µg/m3 (4 micrograms per cubic metre) ပမာဏက ကလေးအသေမွေးဖွားမှု ၄ ရာခိုင်နှုန်း မြင့်တက်စေကြောင်း သိရှိရပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD