Health: သင်ရေချိုးတဲ့ ပုံစံ မှန်ရဲ့လား

ခြေထောက်နဲ့လက်တွေကို ဆပ်ပြာအလွန်အကျွံ မတိုက်သင့်ပါဘူး။

play

 

ကြာခြင်း

ရေချိုးတဲ့အခါ အလွန်ဆုံးကြာချိန်ဟာ မိနစ် ၂၀ ဖြစ်ပြီး ဒီ့ထက်မပိုသင့်ပါဘူး။

ဆပ်ပြာတိုက်ခြင်း

ဆပ်ပြာဟာ ခန္ဓာကိုယ်က အဆီတွေကို ဖယ်ရှားပေးပါတယ်။ ဒါပေမဲ့ ခြေထောက်နဲ့လက်တွေကို ဆပ်ပြာအလွန်အကျွံတိုက်ခြင်းဟာ ဒီနေရာမှာ ရှိတဲ့ အရေပြားတွေကို ခြောက်သွေ့စေပါတယ်။ ခန္ဓာကိုယ်မှာ အနံ့ပြင်းပြီး အဆီများတဲ့ နေရာတွေဖြစ်တဲ့ ချိုင်းကြားနဲ့ တင်ပါးလိုနေရာတွေကို ဆပ်ပြာပိုတိုက်သင့်ပါတယ်။

play

 

ဆပ်ပြာတိုက်အဝတ်

ဒီလိုအဝတ်ဟာ ပိုးမွှားတွေ အခိုအောင်းဆုံးနေရာဖြစ်ပါတယ်။ ဒီလိုအဝတ်မျိုးသုံးမယ်ဆိုရင် ရေချိုးခန်းထဲမှာ ထားခဲ့မယ့်အစား ခြောက်သွေ့တဲ့နေရာမှာပဲ ထားသင့်ပါတယ်။ သုံးပြီးတိုင်းလည်း အခြောက်ခံသင့်ပါတယ်။

play

 

ခေါင်းလျှော်ခြင်း

ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို အလွန်အကျွံပွတ်တာမျိုး၊ ကုတ်တာမျိုး မလုပ်သင့်ပါဘူး။ ရေချိုးတဲ့ရေနွေးနဲ့လည်း ခေါင်းမလျှော်သင့်ပါဘူး။

မျက်နှာသစ်ဆေး

ဓာတုဗေဒပစ္စည်းတွေ ပြင်းထန်တဲ့ မျက်နှာသစ်ဆေးကိုလည်း မသုံးသင့်ပါဘူး။ မျက်နှာအတွက် ကောင်းကျိုးဖြစ်စေတဲ့ ပိုးမွှားတွေကိုပါ ဖယ်ရှားလိုက်သလို ဖြစ်ပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ