Health: ဆယ်ကျော်သက်များ မနက်စောစော ကျောင်းမတက်သင့်ဟု သုတေသီများ ထောက်ပြ

မနက်စောစော ကျောင်းတက်ရတာဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။

 

ဆယ်ကျော်သက် ကျောင်းသားတွေအနေနဲ့ ကျောင်းစောစောသွားတာဟာ ဦးနှောက်မှတ်ဉာဏ်အတွက်သာမက ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ အရာမဟုတ်ဘူးလို့ လေ့လာသူ သုတေသီတွေက ထောက်ပြလိုက်ပါတယ်။ အထူးသဖြင့် မနက် ၈း၃၀ နာရီထက်စောပြီး ကျောင်းတက်ရတာမျိုး၊ စာသင်ကြားရတာမျိုး မလုပ်သင့်ဘူးလို့ အမေရိကန် ဆေးပညာဆိုင်ရာ အဖွဲ့အစည်းက အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ မနက်စောစော စာသင်ကြားရခြင်းဟာ ဆယ်ကျော်သက်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကို များစွာ ထိခိုက်ပျက်စီးမှု ရှိစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေကို မနက်စောစော စာသင်ကြားတာမျိုး မလုပ်သင့်ပါဘူး။

 

ဒီလေ့လာချက်ကို အတည်ပြုပြီးတဲ့နောက် ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ ဆရာ၊ ဆရာမတွေကို အသိပညာပေးဖို့ ဆက်လုပ်သွားမယ်လို့ AMA က သတင်းထုတ်ပြန်ထားပါတယ်။ ဆယ်ကျော်သက်တွေမှာ အကျင့်ဆိုးတွေ ရလာခြင်း၊ ကျန်းမာရေး မကောင်းဖြစ်ခြင်း၊ အထွေထွေနေထိုင်မှု ပုံစံ မကောင်းခြင်း စတာတွေဟာ ကျောင်းစာစောစော သင်ယူရခြင်းနဲ့ ပတ်သတ်နေပါတယ်။

Source : UPI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ