Health: ဗိုက်မပူချင်တဲ့ အမျိုးသားတွေ ရှောင်သင့်တဲ့ အရာ (၁၀) ခု

, updated

ငှက်ပျောသီးလည်း ပါဝင်ပါတယ်။

play

 

အထူးသဖြင့် ကိုယ်အလေးချိန် လျှော့ချနေစဉ်မှာ ဒီအချက်တွေကို လိုက်နာသင့်ပါတယ်။

၁။  ကိုယ်အဆီကျကျစ်လျစ်ချင်တဲ့ အကြောင်းရင်းတွေကို ချရေးပြီး မမေ့မလျော့စေဖို့ တစ်နေရာမှာ ကပ်ထားပါ။

၂။ ဘူဖေးနဲ့ အစားအစာရွေးချယ်စရာတွေ အများကြီးရှိနေတဲ့ နေရာတွေကို ရှောင်ပါ။ ဟိုနည်းနည်း ဒီနည်းနည်းနဲ့ မစားသင့်တဲ့အစားအစာတွေ အများကြီးကို စားမိတတ်လို့ပါ။

၃။ Finger food တွေ ဘယ်တော့မှ မစားပါနဲ့။

၎။ ထမင်းစားပွဲပေါ်ကလွဲလို့ တခြားနေရာမှာ မစားပါနဲ့။

၅။ အစားကို မြန်မြန်မစားပါနဲ့။ အစာကို သေချာကြေညက်အောင် ဝါးပါ။ ထမင်းတစ်ခါစားရင် မိနစ် ၂၀ လောက် ကြာပါစေ။

play

 

၆။ (ငှက်ပျောသီး၊ ကီဝီသီး၊ နာနတ်သီး၊ သင်္ဘောသီး၊ သရက်သီး၊ ဖရဲသီး စပျစ်သီးခြောက်စတဲ့) သကြားဓာတ်များတဲ့ အသီးတွေနဲ့ အသီးဖျော်ရည်မှန်သမျှ ရှောင်ပါ။

၇။ အိပ်ရာမဝင်ခင် အနည်းဆုံး ၂ နာရီအလိုကတည်းက ဘာမှမစားပါနဲ့။

play

 

၈။ အရမ်းဆာလောင်လာရင် အနည်းဆုံး ၁၅ မိနစ်လောက် မစားသေးဘဲ နေလိုက်ပါ။ (အဲဒီအချိန်ဆိုရင် အလွန်အမင်းစားချင်စိတ် ပျောက်သွားပါလိမ့်မယ်)

၉။ နွားနို့သောက်ချင်ရင် အဆီထုတ်ထားတာကို သောက်ပါ။

၁၀။ သရေစာစားချင်ရင် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ပန်းသီး၊ လိမ္မော်သီးနဲ့ မုန်လာဥနီကို စားနိုင်ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ