Health: နှုတ်ခမ်းနီကို လက်နဲ့မဆိုးသင့်တဲ့ အကြောင်းရင်း

လက်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်နိုင်တဲ့ရောဂါတွေက ကြောက်စရာကောင်းလှပါတယ်။

play

 

သင်အကြိုက်ဆုံး နှုတ်ခမ်းနီဟာ လက်နဲ့ယူဆိုးမှရတဲ့ နှုတ်ခမ်းနီမျိုး ဖြစ်နေတယ်ဆိုရင် အဲဒီနှုတ်ခမ်းနီကို မဆိုးခင်မှာ လက်ကို သေချာဆေးကြောဖို့ လိုအပ်ပါလိမ့်မယ်။

ဒါပေမဲ့ သင်ဟာ အပြင်ရောက်နေပြီး နှုတ်ခမ်းက ခြောက်နေတယ်ဆိုရင် ချက်ချင်းပဲ လက်မဆေးဘဲ ဆိုးမိတတ်တာမျိုး ဖြစ်တတ်ပါတယ်။

play

 

တံခါးလက်ကိုင်တွေ ဒါမှမဟုတ် ဖုန်းကို ကိုင်ပြီးတဲ့နောက် သင့်ရဲ့လက်မှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ ကပ်ငြိပါလာလိမ့်မယ်လို့ ဂျော့ဂ်ျဝါရှင်တန်တက္ကသိုလ်က အရေပြားရောဂါအထူးကု အဒမ်ဖရိုင်းမန်းက ပြောပါတယ်။

တချို့ဘက်တီးရီးယားပိုးများက အဆုတ်ရောင်ရောဂါဖြစ်စေနိုင်ပြီး တချို့သော ဘက်တီးရီးယားပိုးများက လည်ချောင်းနာခြင်း၊ မျက်စိစွန်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့အပြင် အသားတွေ တစတစ တိုက်စားခံရတဲ့ရောဂါမျိုးအထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ