Health: အာရုံစူးစိုက်မှု အားကောင်းစေမယ့် အသက်ရှုနည်း

မျက်စိတွေမှိတ်လိုက်ပြီး တစ်ကိုယ်လုံးက အကြောတွေကို လျှော့ချလိုက်ပါ။ အသက်ကို ဖြည်းဖြည်းချင်းရှုပါ။ စည်းချက်မှန်မှန်ရှိဖို့ လိုပါတယ်။

play

 

အလုပ်တွေလုပ်ရတာ စိတ်မပါသလိုလို အာရုံတွေ ထွေပြားနေသလို ဖြစ်နေပြီဆိုရင်တော့ အာရုံတွေကို ပြန်လည်စုစည်းဖို့ လိုအပ်လာပါပြီ။ စိတ်တွေရှုပ်ထွေးလာတာမျိုးကြောင့်ဖြစ်စေ ပင်ပန်းလွန်း၍ဖြစ် အာရုံစူးစိုက်မှုအား လျော့နည်းလာနိုင်ပါတယ်။ ဒါကြောင့် အာရုံစူးစိုက်မှုအားကောင်းစေမယ့် လွယ်ကူထိရောက်တဲ့ အသက်ရှုလေ့ကျင့်ခန်းတစ်ခုကို ဓူဝံက မျှဝေပါ့မယ်။

play

 

၁။ သက်တောင့်သက်သာရှိမယ့် နေရာတစ်ခုမှာ ပက်လက်လှန်ပြီး လဲလျောင်းပါ။ ကြမ်းပြင်နဲ့ကျော ထိနေပါစေ။

၂။ လက်နှစ်ဘက်ကို ဗိုက်ပေါ်မှာတင်ပါ။ လက်ဖဝါးတွေကို ချက်ရဲ့ဘေးတစ်ဖက်စီ (သို့မဟုတ်) အပေါ်အောက် ထပ်မနေဘဲ ဝမ်းဗိုက်ပေါ်တင်ထားပါ။

၃။ မျက်စိတွေမှိတ်လိုက်ပြီး တစ်ကိုယ်လုံးက အကြောတွေကို လျှော့ချလိုက်ပါ။ အသက်ကို ဖြည်းဖြည်းချင်းရှုပါ။ စည်းချက်မှန်မှန်ရှိဖို့ လိုပါတယ်။

play

 

၎။ အသက်ရှုတဲ့အခါ အဆုတ်ထဲအထိရောက်အောင် ဝဝရှုပါ။ အသက်ရှုသွင်း၊ ရှုထုတ်လိုက်တဲ့အခါ ရင်ဘတ်နဲ့ ဝမ်းဗိုက်က ဖြည်းဖြည်းချင်း ပိန်လိုက်ဖောင်းလိုက် ဖြစ်သွားတာကို ခံစားကြည့်ပါ။ ရှုထုတ်လိုက်တဲ့ လေတွေကို သိနေပါစေ။

၅။ နောက်တစ်ကြိမ် အသက်ရှုတဲ့အခါမှာ လေကို အပြည့်မရှုသွင်းပါနဲ့တော့။ တစ်ဝက်လောက်ရှုပြီးရင် ခဏရပ်ထားပါ။ ပြီးမှ အပြည့်ရှုရှိုက်ပါ။ လေအပြည့်ရှုပြီးရင်လည်း ခဏရပ်လိုက်ပါဦး။ နောက်မှ ဖြည်းဖြည်းချင်း နှာခေါင်းမှတစ်ဆင့် ရှုထုတ်လိုက်ပါ။ အလျင်မလိုပါနဲ့။

play

 

ဖော်ပြပါလေ့ကျင့်ခန်းကို အဆင့်အလိုက် လုပ်သွားရမှာဖြစ်ပါတယ်။ နှစ်ကြိမ်မှ လေးကြိမ်အထိ ဆက်တိုက်ပြုလုပ်ပါ။ ခတ္တရပ်နားလိုတဲ့အခါ ပုံမှန်အတိုင်း ရိုးရိုးအသက်ရှုပါ။ နောက်တစ်ကြိမ် အဆင့်အလိုက် ပြန်ပြီးလေ့ကျင့်ပါ။ ဒါဆိုရင်တော့ အာရုံစုစည်းမှု အားကောင်းလာပြီး အလုပ်လုပ်ရတာ တွင်ကျယ်လာပါလိမ့်မယ်။

Source : Healthista

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ