Health: ကလေးတွေ သွားပိုးစားမှု အဖြစ်များလာ

ကပ်ငြိနေတဲ့ အညစ်အကြေးတွေကို ဂွမ်းအသုံးပြုပြီး သန့်ရှင်းပေးလို့ ရတယ်။

play

 

အစားအသောက်မဆင်ခြင်တာကြောင့် ကလေးတွေမှာ သွားပိုးစားမှု အဖြစ်များလာတယ်လို့ သိရပါတယ်။

7Day Daily ရဲ့ဖော်ပြချက်အရ အစားအသောက် မဆင်ခြင်မှုကြောင့် ကလေးတွေမှာ သွားပိုးစားတဲ့လက္ခဏာတွေ ပိုတွေ့လာရတယ်လို့  သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာသန်းထွန်းက ပြောကြားထားတာ ဖြစ်ပါတယ်။ အချိုရည်သောက်သုံးခြင်းတွေ၊ အဟာရမဖြစ်တဲ့ မုန့်တွေ စားသုံးခြင်းတွေကြောင့် သွားပိုးစားခြင်းတွေ ပိုဖြစ်လာတာလို့လည်း ဆိုပါတယ်။

ကလေးအသက် ခြောက်လမှာ သွားစပေါက်ပြီး အသက် (၃) နှစ်ခန့်မှာ သွားစုံလင်လာကြောင်းနဲ့ ကလေးငယ်စဉ်မှာ သွားတွင်း ကပ်ငြိနေတဲ့ အညစ်အကြေးတွေကို ဂွမ်းအသုံးပြုပြီး သန့်ရှင်းပေးလို့ ရတယ်လို့လည်း ပြောကြားပါတယ်။

Source: 7Day Daily
Photos Source: Cochrane Oral Health

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ