Health: ခြောက်လထိ မိခင်နို့တိုက်တဲ့ ကလေးတွေက ပိုလိမ္မာ

, updated

ကလေးပေါင်း ၁၅၀၀ ကိုလေ့လာခဲ့တာ ဖြစ်ပါတယ်။

play

 

ခြောက်လအရွယ်ထိ မိခင်နို့စို့ရတဲ့ ကလေးတွေဟာ ပိုမိုလိမ္မာကြတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

အဆိုပါ သုတေသနကို Glasgow  တက္ကသိုလ်က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကလေးပေါင်း ၁၅၀၀ ကိုလေ့လာခဲ့တာ ဖြစ်ပါတယ်။ ခြောက်လထက် လျော့နည်းပြီး မိခင်နို့ရရှိတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ ပိုရှိကြတယ်လို့ ဆိုပါတယ်။

play

 

မိခင်နို့ကို အနည်းဆုံးခြောက်လထိ တိုက်ကျွေးခြင်းဟာ ကိုယ်ခံအား စနစ်ကို ပိုမိုသန်မာစေပြီး အစာချေစနစ်ကို ကောင်းမွန်စေတယ်လို့ ကျွမ်းကျင်သူတွေက ယခင်ကတည်းက ပြောကြားထားတာဖြစ်ပါတယ်။ ယခုသုတေသနအရ မိခင်နို့ဟာ စိတ်ပိုင်းဆိုင်ရာကိုပါ ကောင်းမွန်စေကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ