Health: ခြင်ကိုက်ခံရတဲ့အခါ ယားယံမှုသက်သာစေတဲ့ နည်းလမ်းများ

ခြင်ကိုက်လို့ အရေပြား ယားယံမှုကို သက်သာပျောက်ကင်းအောင် လုပ်နိုင်တဲ့ အလွယ်တကူ သဘာဝနည်လမ်းတွေ ရှိပါတယ်။

play


ခြင်ကိုက်ခံရတဲ့အခါ အရေပြားယားယံမှု ခံစားရပါတယ်။ ဆေးတစ်မျိုမျိုး မရှိခဲ့ရင် ခြင်ကိုက်လို့ အရေပြား ယားယံမှုကို သက်သာပျောက်ကင်းအောင် လုပ်နိုင်တဲ့ အလွယ်တကူ သဘာဝနည်လမ်းတွေ ရှိပါတယ်။

၁။ ပျားရည်

play


ခြင်ကိုက်ခံရတဲ့ နေရာကို ပျားရည်သုတ်လိမ်းပေးခြင်းဖြင့် ယားယံမှုပျောက်စေပါတယ်။

၂။ ရှားစောင်းလက်ပတ်

play


ရှားစောင်းလက်ပတ်က ကျန်းမာရေး အကျိုးကျေးဇူးများစွာရှိပါတယ်။ ခြင်ကိုက်ခံရတဲ့ နေရာကို ရှားစောင်းလက်ပတ် ပွတ်လိမ်းပေးခြင်းက ယားယံမှုပျောက်ကင်းစေပါတယ်။ ရေခဲသေတ္တာထဲမှာ အဆင်သင့် သိမ်းထားပြီး အသုံးပြုနိုင်ပါတယ်။

၃။ ပင်စိမ်းရွက်

play


ခြင်ကိုက်ဖုနေရာကို ပင်စိမ်းရွက်ဖြင့် ပွတ်တိုက်ပေးခြင်းက ယားယံမှု ပျောက်စေပါတယ်။

၎။ ပိုးသတ်အရက်ပျံ

play


ခြင်ကိုက်ခံရတဲ့ နေရာကို အရက်ပျံ သုတ်လိမ်းပေးခြင်းဖြင့် ယားယံမှုကို သက်သာစေပါတယ်။

၅။ တိပ်ကပ်ထားပါ

play


ခြင်ကိုက်ဖုကို တိပ်အကြည်နဲ့ ကပ်ထားပေးခြင်းဖြင့် ယားယံမှုသက်သာစေပါတယ်။

၆။ လက်ဖက်ခြောက်အိတ်

play


လက်ဖက်ခြောက်အိတ်ကို ရေစွတ်ပြီး ရေခဲသေတ္တာထဲမှာထည့်ထားပါ။ အေးပြီးစိုစွတ်နေတဲ့ လက်ဖက်ခြောက်အိတ်ဖြင့် ခြင်ကိုက်ခံရတဲ့ နေရာကို ကပ်ထားပေးပါ။ ယားယံမှု သက်သာပျောက်ကင်းစေပါတယ်။
Source & Photo: LifeADV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ