Health: အမြဲထိုင်ခြင်းသာမက အမြဲမတ်တပ်ရပ်ခြင်းကလည်း ကျန်းမာရေးအတွက်မကောင်း

အချိန်ကြာမြင့်စွာ ရပ်ခြင်းနဲ့ ထိုင်ခြင်း နှစ်ခုစလုံးရဲ့ ဆိုးကျိုးတွေက အတူတူပါပဲ။

play

 

ယခင်က တစ်နေကုန်ထိုင်ခြင်းက စောစီးစွာ သေဆုံးနိုင်တယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြခဲ့တဲ့အတွက် လူတွေက မတ်တပ်ရပ်ပြီး စာဖတ်ခြင်း၊ အလုပ်လုပ်ခြင်းတွေက ခေတ်စားလာခဲ့ပါတယ်။ တချို့ဆိုရင် မတ်တပ်ရပ်ပြီး အလုပ်လုပ်လို့ရတဲ့ စားပွဲတွေကိုတောင် အသုံးပြုလာကြတယ်။

ဒါပေမဲ့ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းနဲ့ ထိုင်ခြင်း နှစ်မျိုးစလုံးက ဆီးချို၊ နှလုံးရောဂါနဲ့ ကိုယ်အလေးချိန်တိုးခြင်းတို့ကို ဖြစ်ပေါ်စေကြောင်း လေ့လာမှုတစ်ခုက ဖော်ပြလိုက်ပြန်ပါတယ်။

play

 

အမြဲထိုင်နေတာ၊ အမြဲမတ်တပ်ရပ်တာမျိုး မလုပ်ဘဲ မကြာခဏ လမ်းထလျှောက်ခြင်း ဒါမှမဟုတ် မတ်တပ်ရပ်ရတာ များသူက ထိုင်ပေးခြင်းကို လုပ်ပေးရမယ်လို့ ဆိုပါတယ်။

play

 

မတ်တပ်ရပ်အလုပ်လုပ်လို့ရတဲ့ ထိုင်ခုံတွေက သင့်ရဲ့ ကယ်လိုရီတွေကို မလောင်ကျွမ်းစေနိုင်တဲ့အပြင် တစ်နေကုန် မတ်တပ်ရပ်နေတဲ့အတွက် ကျောရိုးနဲ့ ခါးကို ထိခိုက်စေပါတယ်။

အဲဒီတော့ ကွန်ပျူတာကနေ မျက်စိကိုလည်း အနားပေးရာလည်း ရောက်အောင်၊ ခန္ဓာကိုယ်ကိုလည်း အချိန်ကြာမြင့်စွာ ထိုင်နေခြင်း မရှိလေအောင် တစ်နေ့ကို သုံးလေးကြိမ် လမ်းလျှောက်ခြင်း ပြုလုပ်သင့်ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ