Health: ကလေးတွေမှာပါ ဆီးချို အဖြစ်များလာ

အ၀လွန်လာတာနဲ့ ဆေးစစ်ပေးသင့်ပြီး မိသားစုထဲမှာ ဆီးချို၊ သွေးချိုရှိရင် ပိုဂရုစိုက်သင့်တယ်လို့ သိရပါတယ်။

play

 

ကလေးငယ်တွေမှာ ဆီးချို၊ သွေးတိုးရောဂါတွေ အဖြစ်များလာတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ဒီလိုမျိုး ဖြစ်လာရခြင်းဟာ အဝလွန်တာနဲ့ ဆက်စပ်မှုရှိပြီး ကလေးတွေရဲ့ စားသောက်မှုပုံစံကို ဂရုစိုက်ဖို့ လိုအပ်တယ်လို့  အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်စွာဦးက ပြောထားကြောင်း အဆိုပါသတင်းမှာ ဖော်ပြပါတယ်။ အသက် (၄) နှစ်အရွယ် ကလေးတစ်ဦး ဆေးခန်းပြရင်း သွေးဖောက်စစ်ကြည့်တဲ့အခါ  ဆီးချိုရောဂါဖြစ်နေပြီး  အသက် (၉) နှစ်အရွယ်ကလေးတစ်ဦးလည်း  သွေးတိုးရောဂါခံစားနေရတဲ့ ဖြစ်ရပ်တွေ တွေ့လာရတယ်လို့ ဆိုပါတယ်။ 

အ၀လွန်လာတာနဲ့ ဆေးစစ်ပေးသင့်ပြီး မိသားစုထဲမှာ ဆီးချို၊ သွေးချိုရှိရင် ပိုဂရုစိုက်သင့်တယ်လို့ သိရပါတယ်။

 Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ