Health: လေဖြတ်ရင် သုံးနာရီအတွင်း ရန်ကုန်ဆေးရုံကြီးကို ပို့ဖို့လိုအပ်

လေဖြတ်လူနာအယောက် ၃၀ ထိ အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပါတယ်။

 

ရုတ်တရက်လေဖြတ်တယ်ဆိုရင် ရန်ကုန်ဆေးရုံကြီးကို သုံးနာရီအတွင်း ပို့ဆောင်ဖို့ လိုအပ်တယ်လို့သိရပါတယ်။ ဦးနှောက်သွေးကြောပိတ်ကာ လေဖြတ်ရောဂါဖြစ်ပွားတဲ့အခါ ဦးနှောက်သွေးခဲပျော်ဆေးပေးကုသနိုင်ပြီး ရန်ကုန်ဆေးရုံကြီကို သုံးနာရီတွင်း ပို့ဆောင်ဖို့တော့ လိုအပ်တာ ဖြစ်ပါတယ်။

အခုနှစ်အတွင်း လေဖြတ်လူနာအယောက် ၃၀ ထိ အောင်မြင်စွာ ကုသပေးနိုင်ခဲ့တယ်လို့ ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာစမ်းဦးက ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဦးနှောက်သွေးခဲပျော်ဆေးဟာ လူတိုင်းကို ကုသလို့မရဘဲ ဦးနှောက်သွေးကြောပေါက်သူ၊ အစာအိမ်သွေးယိုဖူးသူနဲ့ အသက် ၈၀ ကျော်ရင်တော့ ကုသလို့မရဘူးလို့ သိရပါတယ်။

Source: 7Day Daily
Photos Source: The Global New Light Of Myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ